International News: မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲဟောင်း မူးယစ်မှောင်ခိုမှုဖြင့် ထောင်ကျ

ရဲတပ်ဖွဲ့အကြီးအကဲဟောင်းကို တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် အကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။

play


ဖင်လန်နိုင်ငံ တရားရုံးက ဟယ်ဆင်ကီးမြို့တော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲဟောင်းကို မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ အခြားပြစ်မှုများဖြင့် ဒီဇင်ဘာ ၂၉ ရက်က ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဂျာရီအာနီယိုဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပေါင်ချိန် ၁,၇၆၄ ပမာဏရှိ ဆေးခြောက်များ နယ်သာလန်နိုင်ငံမှ တင်သွင်းရောင်းချနိုင်ရန် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်ရဲတပ်ဖွဲ့ အကြီးအကဲ မူးယစ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ


အသက် ၅၉ နှစ်အရွယ် အာနီယိုဟာ မူးယစ်ဆေးဝါးမှု ၅ မှုနဲ့ အခြား ပြစ်မှု ၁၇ မှုတို့အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အာနီယို ကျူးလွန်ခဲ့တဲ့ အမှုများအနက် အပြစ်မရှိတဲ့ အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးမှုဖြင့် အမှုဆင်ဖမ်းဆီးရန် ကြိုးပမ်းခဲ့မှုလည်း ပါဝင်ပါတယ်။ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း အာနီယိုကို တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် Vantaa အကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်လိုက်ကြောင်းလည်း သိရပါတယ်။

play


အာနီယိုနဲ့ ကြံရာပါတစ်ဦးဖြစ်သူ ရာဇဝတ်ဂိုဏ်းမှ ခေါင်းဆောင်တစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့အကြီးအကဲ အာရီယိုဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ နှစ်ပေါင်း ၃၀ ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ၎င်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play


အာရီယိုက စွဲချက်တင်များအာလုံးကို ငြင်းဆိုထားပြီး ၎င်းရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေဘောင်အတွင်းမှသာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်ခဲ့တယ်လို့ ပြောထားပါတယ်။

အာရီယိုက ယခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ဟယ်ဆင်ကီး အယူခံတရားရုံးမှာ အယူခံလျှောက်ထားသွားမယ်လို့ ၎င်းရဲ့ ဥပဒေရေးရာအဖွဲ့က ဆိုပါတယ်။ အာရီယိုကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း လိမ်လည်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပါတယ်။

ဖင်လန်နိုင်ငံမှာ ရာဇဝတ်မှုဖြစ်ပွားနှုန်းဟာ အခြား ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက နည်းပါးကြောင်း သိရပါတယ်။ ဒါ့အပြင် ဖင်လန်ဟာ ဒိန်းမတ်နိုင်ငံပြီးလျှင် အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံဖြစ်ကြောင်းလည်း Transparency International ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။
Source & Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ