International News: မှော်ပညာ တက်မြောက်သည်ဟူသည့် စွပ်စွဲချက်ဖြင့် အမျိုးသားတစ်ဦး ကွပ်မျက်ခံရ

လူပုံအလယ်မှာ ခေါင်းဖြတ်ခံခဲ့ရပါတယ်။

play

 

မှော်အတက်ပညာတွေ တက်မြောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုက်အက်စ်အကြမ်းဖက်အဖွဲ့ဟ အမျိုးသားတစ်ဦးကို လူပုံအလယ်မှာ ခေါင်းဖြတ်ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အိုက်အက်စ်အဖွဲ့ခြေကုပ်ယူထားသေးတဲ့ ဒေသမှာ အဆိုပါလုပ်ရပ်ကို ကျူးလွန်ခဲ့တာဖြစ်ပြီး မကွပ်မျက်မီမှာ အကြမ်ဖးက်အဖွဲ့ဝင်အမျိုးသားတစ်ဦးက ဘာကြောင့် ကွပ်မျက်ရသလဲဆိုတဲ့ အကြောင်းရင်းကို ထုတ်ပြန်ကြေငြာပေးခနေခဲ့တာတွေ့ရပါတယ်။ ဒုတိယဓာတ်ပုံထဲမှာတော့ မျက်လုံးအုပ်ထားတဲ့ အမျိုးသားကို ကွပ်မျက်ဖို့အတွက် အကြမ်းဖက်ပါးကွက်သား သုံးဦးက နေရာယူထားပြီး မျက်နှာဖုံးတွေလည်း စွပ်ထားကြပါတယ်။ အနောက်မှာတော့ အဆိုပါကွပ်မျက်မှုကို စောင့်ကြည့်နေတဲ့ လူအုပ်ကြီးရှိနေခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ်တွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။

play

 

ကွပ်မျက်ခံရတဲ့ အမျိုးသား ခေါင်းပြတ်သွားတဲ့ ဓာတ်ပုံကိုပါ အိုက်အက်စ်အကြမ်းဖက်အဖွဲ့က  ထုတ်ပြန်ခဲ့ပြီး ဒီသတင်းကို စတင်ဖော်ပြတဲ့ Daily Mail သတင်းထဲမှာ အဆိုပါဓာတ်ပုံကို ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ