International News: အိန္ဒိယမိုင်းတွင်း ပြိုကျမှု လူ ၁၃ ဦးထက်မနည်း သေဆုံး

, updated

ဂျာရ်ခန်းပြည်နယ်ဟာ အိန္ဒိယမှာ မိုင်တွင်းအများဆုံး တည်ရှိရာဒေသ ဖြစ်ပါတယ်။

play


အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာရ်ခန်းပြည်နယ်ရှိ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှုဖြစ်ခဲ့ရာ မိုင်းတွင်းလုပ်သား ၁၃ ဦးထက်မနည်း သေဆုံးပြီး ပိတ်မိနေသူများလည်းရှိကြောင်း သိရပါတယ်။ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၉ ရက်) ညနေပိုင်းက ဂျာရ်ခန်းပြည်နယ် ဂေါ့ဒါခရိုင်ရှိ အစိုးရပိုင် မိုင်းတွင်း ပြိုကျမှုဖြစ်ခဲ့ပါတယ်။

အိန္ဒိယမိုင်းတွင်း ပြိုကျမှု


ပြိုကျသွားတဲ့ မိုင်းတွင်းထဲမှာ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဂျာရ်ခန်းပြည်နယ်ဟာ အိန္ဒိယမှာ မိုင်တွင်းအများဆုံး တည်ရှိရာဒေသဖြစ်ပြီး မိုင်းတွင်းလုပ်ငန်းတွေဟာ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ လိုက်နာမှုအားနည်းကြောင်း သိရပါတယ်။

play


မိုင်းတွင်းပြိုကျပြီးနောက် ဒီဇင်ဘာ ၃၁ ရက်အထိ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ပျောက်ဆုံးနေသူတွေ ရှိနေဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပီကေမူလစ်ခ်က ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။


သတင်းများအရ မိုင်းတွင်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း သိရပါတယ်။ အိန္ဒိယ အမျိုးသား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (NDRF) က မိုင်းတွင်းပြိုကျတဲ့နေရာကို ရောက်ရှိနေပြီဖြစ်ကာ ဒေသခံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။

play


မိုင်းတွင်းပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဂျာရ်ခန်းပြည်နယ်ဝန်ကြီးချုပ် ရက်ဂ်ဟူဘာဒက်စ်က ပြောပါတယ်။ အိန္ဒိယဝန်ကြီးချပ်မိုဒီကလည်း မိုင်းတွင်းပြိုကျမှုကို ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။


Soure & Photo: Hindustan Times, IndiaTV, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ