International News: လူပေါင်း ၁.၅ သန်းဆင်နွှဲတဲ့ ဆစ်ဒနေဆိပ်ကမ်းက နှစ်သစ်ကူးပွဲ ဓာတ်ပုံများ

နှစ်သစ်ကူးပွဲအတွက် မီးပန်းပေါင်း ၇ တန် အသုံးပြုခဲ့ပါတယ်။

play
ဆစ်ဒနေဆိပ်ကမ်းတံတော်ပေါ်က နှစ်သစ်ကူးည ဖြစ်ပါတယ်။

 

၂၀၁၇ နှစ်သစ်ကို အခြားနိုင်ငံတွေထက် စောစီးစွာ ရောက်ရှိခဲ့တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ နှစ်သစ်ကူးပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။

play

 

ဆစ်ဒနေမြို့ရဲ့နာမည်ကျော် ဆစ်ဒနေဆိပ်ကမ်းတံတားပေါ်က မီးပန်းပေါင်းများစွာ ပစ်လွှတ်ခဲ့ပြီး နှစ်သစ်ကူးပွဲမီးပန်းဖောက်တာကို ဆိပ်ကမ်းတံတားအနီး လာရောက်ကြည့်ရှုခဲ့သူပေါင်း ၁.၅သန်းခဲ့ရှိတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းဘာလင်၊ ပါရီစတဲ့မြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေရှိခဲ့တဲ့အတွက် သြစတြေးလျအာဏာပိုင်တွေက ဒီနှစ်သစ်ကူးပွဲမှာ ရဲထောင်ပေါင်းများစွာ တာဝန်ချထားခဲ့တာတွေ့ရပါတယ်။

play

 

 မီးပန်းစုစုပေါင်း ၇ တန်ရှိတဲ့ ပစ္စည်းတွေနဲ့ နှစ်သစ်ကူးပွဲတော် မီးပန်းဖောက်ပွဲကို ဆစ်ဒနေတံတားပေါ်မှာ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

play

 

သြစတြေးလျနဲ့ မရှေးမနှောင်းအချိန်မှာပဲ သမုဒ္ဒရာပိုင်းဇုန်နိုင်ငံ့တစ်ခုဖြစ်တဲ့ နယူးဇီလန်မှာလည်း နှစ်သစ်ကူးပွဲကို သန်းခေါင်ယံအချိန်မှာ မီးပန်းတွေနဲ့ ဆင်နွှဲခဲ့ပါသေးတယ်။

play
သမုဒ္ဒရာပိုင်းဇုန် နိုင်ငံဖြစ်လို့ အခြားနိုင်ငံတွေထက် စောစီးစွာ နှစ်သစ်ကူးခဲ့ပါတယ်။
play
မိုးကြိုးသွားပုံစံ ပေါ်လာအောင် ပြုလုပ်ထားတဲ့ မီးပန်းတွေပါ

play
ဒါကတော့ နယူးဇီလန်က နှစ်သစ်ကူးပွဲပါ

play
အော့ကလန်မြို့ စကိုင်းတာဝါပေါ်ကနေ ရောင်စုံပုံစံမျိုးစံ မီးပန်တွေနဲ့ ဆင်နွှဲကြိုဆိုတာ ဖြစ်ပါတယ်။

ှSource : Daily Mail

Photos : Reuters

Auckland, New Zealand welcomes new year first of all in world
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ