International News: ၂၀၁၇ ကို ကြိုတင်ရောက်နှင့်တဲ့ နယူးဇီလန်နဲ့ သြစတြေးလျ

သြစတြေးလျနိုင်ငံ အုတ်ကလန်မြို့ဟာ ၂၀၁၇ ခုနှစ်ကို ဦးစွာရောက်နှင့်ခဲ့တဲ့ ကမ္ဘာ့ အဓိကမြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပါတယ်။

play
အုတ်ကလန်မြို့မှာ ၂၀၁၇ ကို ကြိုဆိုခဲ့မှု


ကမ္ဘာတစ်ဝန်းက ၂၀၁၇ ခုနှစ် နှစ်သစ်ကို ကြိုဆိုကြတဲ့ အထိမ်းအမှတ်ပွဲများ ကျင်းပရန် စတင်နေကြချိန်မှာ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတို့က ၂၀၁၇ ခုနှစ်ကို ဦးစွာကြိုဆိုရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။


ဆစ်ဒနေဆိပ်ကမ်းမှာ သြစတြေးလျရဲ့ အကြီးမားဆုံး ၂၀၁၇ ခုနှစ် နှစ်သစ်ကြိုဆိုပွဲကို မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ ကျင်းပခဲ့ပါတယ်။ ဆစ်ဒနေကမ်းနားတစ်လျှောက်မှာ နှစ်သစ်ကြိုဆိုပွဲ ဆင်နွှဲကြသူ ၁.၅ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။

play
ဆစ်ဒနေမြို့ ဆိပ်ကမ်းမှာ ၂၀၁၇ ခုနှစ်ကို မီးရှူးမီးပန်များ ပစ်ဖောက်ကြိုဆိုမှု


သြစတြေးလျနိုင်ငံ အုတ်ကလန်မြို့ဟာ ၂၀၁၇ ခုနှစ်ကို ဦးစွာရောက်နှင့်ခဲ့တဲ့ ကမ္ဘာ့ အဓိကမြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နှစ်သစ်ကြိုဆိုပွဲများကို ဆင်နွှဲကြတဲ့ ကမ္ဘာတစ်ဝန်းမှ မြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် လုံခြုံရေးများ တိုးမြှင့်ထားပါတယ်။

play
ဆစ်ဒနေမြို့ ဆိပ်ကမ်းမှာ ၂၀၁၇ ခုနှစ်ကို မီးရှူးမီးပန်များ ပစ်ဖောက်ကြိုဆိုမှု


လန်ဒန်၊ ပါရီ၊ မက်ဒရစ်၊ နယူးယော့ခ် အစရှိတဲ့ မြို့ကြီးတွေမှာ လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်ကို နောက်အကျဆုံး ကူးပြောင်းရောက်ရှိမယ့် ကမ္ဘာ့နေရာဒေသတွေကတော့ အမေရိကန်ကျွန်းတွေဖြစ်တဲ့ ဘိတ်ကာကျွန်းနဲ့ ဟောင်လန်းကျွန်းတို့ဖြစ်ကြောင်းလည်း သိရပါတယ်။
Source & Photo: Daily Mail, BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ