International News: အင်ဒိုနီးရှားလေဆိပ်မှာ လေယာဉ်နှစ်စီး တိုက်မိလုနီးပါးဖြစ်ခဲ့

ယခုဖြစ်ရပ်ကို လေကြောင်းထိန်းသိမ်းရေးအဖွဲ့အစည်းက စုံစမ်းစစ်ဆေးနေပါတယ်။

play
Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်


အင်ဒိုနီးရှားနိုင်ငံ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန်လ ၁၈ ရက်က လေယာဉ်နှစ်စီး တိုက်မိလုနီးပါး ဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (ဇွန်လ ၁၉ ရက်) အတည်ပြု ပြောကြားပါတယ်။ ဘာလီကျွန်းမှ ပျံသန်းလာတဲ့ Garuda Indonesia လေကြောင်းလိုင်းမှ GA425 လေယာဉ်ဟာ Soekarno-Hatta လေဆိပ်ကနေ Sriwijaya Air မှ SJ580 လေယာဉ် ပျံတက်အပြီးမှ ဆင်းသက်ရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

သို့သော် SJ580 လေယာဉ်ဟာ လေဆိပ်မှပျံတက်ခါနီး နောက်ဆုံးအချိန်မှာ နည်းပညာဆိုင်ရာ အကြောင်းပြချက်ကြောင့် ပျံတက်မယ့်အစီအစဉ်ကို ပယ်ဖျက်ခဲ့တယ်လို့ လေကြောင်းထိန်းသိမ်းရေး အဖွဲ့အစည်း AirNav Indonesia က ပြောပါတယ်။ ပျံတက်မယ်အစီအစဉ် ဖျက်လိုက်တဲ့ SJ580 လေယာဉ်က ပြေးလမ်းမှာ အရှိန်အနည်းငယ်မျှဖြင့် သွားနေခဲ့ပါတယ်။

play
Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်


GA425 လေယာဉ်ကလည်း မူလစီစဉ်ထားတဲ့အတိုင်း လေယာဉ်ပြေးလမ်းမှာ ဆင်းသက်လာခဲ့ရာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်က ဆင်းသက်ခြင်းမပြုရန် အလျင်အမြန် ညွှန်ကြားခဲ့ရပါတယ်။ ထိုအခြေအနေမှာ လေယာဉ်နှစ်စီးဟာ တိုက်မိလုနီးပါး ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

GA425 လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီးတစ်ဦးက သူမ လိုက်ပါလာတဲ့လေယာဉ်ဟာ SJ580 လေယာဉ်နဲ့ တိုက်မိခါနီးဖြစ်ခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ Jakarta Post သတင်းမှာ ဖော်ပြပါတယ်။

AirNav Indonesia လေကြောင်းထိန်းသိမ်းရေး အဖွဲ့အစည်းက GA425 လေယာဉ်မှူးဟာ လေယာဉ်ကို ဆင်းသက်နေရာမှ အလျင်အမြန် ပြန်တက်နိုင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ထို့အတူ SJ580 လေယာဉ်မှ လေယာဉ်မှူးဟာလည်း လေဆိပ်မှပျံတက်မယ့် အစီအစဉ် ဖျက်သိမ်းကြောင်း ချက်ချင်း အကြောင်းကြားမှုအတွက် ကျေးဇူးတင်ကြောင်း AirNav Indonesia က ဆိုပါတယ်။ ယခုဖြစ်ရပ်ကို AirNav Indonesia က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ