နွားပေါက်လေးကို ခင်ပွန်းဖြစ်သူ ဝင်စားတယ်လို့ ယုံကြည်နေတဲ့ အဘွားအို


ကမ္ဘောဒီးယား ဆိုရှယ်မီဒီယာမှာ လူပြောအများဆုံး ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ကမ္ဘောဒီးယား အဘွားအိုက ၅ လအရွယ်ရှိတဲ့ နွားလေးတစ်ကောင်ကို သူမရဲ့ ကွယ်လွန်ခဲ့ပြီး ခွင်ပွန်းဖြစ်သူ ပြန်ဝင်စားတယ်လို့ ယုံကြည်နေပါတယ်။

ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်း ကရာတိုင်းဒေသမှာ နေထိုင်တဲ့ ခင်မ်ဟန်းအမည်ရှိ အဘွားအိုရဲ့ ပြောကြားမှုအရ အဆိုပါ နွားလေးကို နေ့စဉ် လူ ၁၀၀ အထိ လာရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။

play


အဘွားအိုက နွားလေးရဲ့ ပြုမူနေထိုင်မှုဟာ သူမရဲ့ခင်ပွန်းနဲ့ တစ်ပုံစံတည်းဖြစ်တယ်လို့ ဆိုပါတယ်။ အဘွားအိုရဲ့ ခင်ပွန်းဖြစ်သူ တူလ်ခွတ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ "ဒီနွားလေးက ကျွန်မရဲခင်ပွန်းပဲလို့ ကျွန်မ ယုံတယ်၊ ဘာလို့လဲဆိုတော့ ဒီနွားလေး လုပ်သမျှက ကျွန်မရဲ့ခင်ပွန်း သက်ရှိထင်ရှားရှိစဉ်က အတိုင်းပါပဲ" လို့ အဘွားအိုက Reuters Television သတင်းဌာနကို ပြောပါတယ်။

အဘွားအိုရဲ့ ကွယ်လွန်သူ ခင်ပွန်းသည် ဝင်စားတယ်လို့ နာမည်ကြီးနေတဲ့ နွားပေါက်လေးကို ယခုနှစ် မတ်လအတွင်းက မွေးဖွားခဲ့ပြီး ကမ္ဘောဒီးယား ဆိုရှယ်မီဒီယာမှာ စိတ်ဝင်စားမှုများပြားနေပါတယ်။

play


Facebook ဗီဒီယိုတစ်ခုမှာ နွားပေါက်လေးက အဘွားအိုရဲ့ ခြေတံရှည် တစ်ထပ်နေအိမ်ပေါ်တက်သွားတဲ့ မြင်ကွင်းကိုတွေ့ခဲ့ရသူ အသက် ၃၂ နှစ်အရွယ် သာ့ခ်ျဗင်ဆိုသူ အမျိုးသမီးက "ဒါက အတော်လေး ထူးဆန်းနေတယ်၊ နွားတစ်ကောင်က နေအိမ်ပေါ်ကို လှေကားထစ်တွေအတိုင်း တက်သွားခဲ့တာ" လို့ ဆိုပါတယ်။

play


အဆိုပါ အမျိုးသမီးဟာ ထူးဆန်းနေတဲ့ နွားပေါက်လေးကို ကြည့်ရှုရန်အတွက် အဘွားအိုရဲ့နေအိမ်အထိ လာရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ အဘွားအိုက နွားပေါက်လေးကို အိမ်ပေါ်မှာပင် အစာကျွေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်းနဲ့ သူမရဲ့ခင်ပွန်း အိပ်ရာမှာပင် အိပ်စက်စေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားလူမျိုး အများအပြားဟာ သေဆုံးပြီးသူတစ်ယောက်ဟာ လူဝင်စားပြန်ဖြစ်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။ "ကျွန်မ ဒီနွားလေးကို တစ်သက်လုံး ပြုစုစောင့်ရှောက်သွားမယ်" လို့ အဘွားအို ခင်မ်ဟန်းက ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video