AD
AD
AD
play


အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း ကမ်းလွန်မှာ အမြန်ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် လမ်းလျှောက်ခါစ ကလေးငယ်တစ်ဦး အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တိမ်းမှောက်ခဲ့တဲ့ အမြန်ရေယာဉ်ဟာ ယနေ့ (ဇူလိုင်လ ၂၅ ရက်) မနက်ပိုင်းက ဘော်နီယိုရှိ တာရာကန်မှ တန်ဂျန်းဆီလာသို့ ခုတ်မောင်းသွားစဉ် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားမှုအရ အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ အသက်ကယ်အကျီင်္မဝတ်ထားဘဲ ရေထဲကိုခုန်ချခဲ့တယ်လို့ ဆိုပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ရေယာဉ်ပေါ်မှာ ခရီးသည် ၅၁ ဦး လိုက်ပါလာခဲ့ကြောင်းနဲ့ ရေယာဉ်အတွင်း ပိတ်မိနေသူတွေရှိနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

"အမြန်ရေယာဉ်က ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီး ၁၀ မိနစ်လောက်ပဲ ခုတ်မောင်းရသေးချိန်မှာ လှိုင်းလုံးတစ်လုံး ရိုက်ခတ်ခံရပြီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်၊ တိမ်းမှောက်ခဲ့တဲ့နေရာက ဆိပ်ကမ်းနဲ့နီးနီးလေးမှာပါ" လို့ ဒေသခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်က အော့တာဗီယန်တိုက ဆိုပါတယ်။

play


အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သေဆုံးခဲ့သူ ၈ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ပြီး ဂျာမန်အမျိုးသားနဲ့အမျိုသမီး အပါအဝင် အခြား ခရီးသည် ၂၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အင်ဒိုနီးရှားရေတပ်က ကျန်ရှိနေတဲ့ ပျောက်ဆုံးခရီးသည်တွေကို ရှာဖွေနေကြောင်း သိရပါတယ်။

"အမြန်ရေယာဉ် တိမ်းမှောက်ချိန်မှာ ပင်လယ်ပြင်က လှိုင်းထနေတာမျိုးမဟုတ်ဘဲ ငြိမ်သက်နေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်၊ ဒါကြောင့် ရေယာဉ်တိမ်းမှောက်ရမှုဟာ ပင်လယ်လှိုင်းကြမ်းတာကြောင်လို့ ကျွန်တော် မထင်ဘူး" လို့ အော့တာဗီယန်တိုက ဆိုပါတယ်။

"ဒါပေမဲ့ အဲဒီအချိန်တုန်းက ဆိပ်ကမ်းကနေ ရေယာဉ်တွေ ထွက်ခွာသွားလာမှု အလွန်များပြားနေတာကြောင့် လှိုင်းထမှုတွေတော့ ဖြစ်နိုင်ပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ ကျွန်းပေါင်း ၁၇,၀၀၀ ရှိတဲ့ အင်ဒိုနီးရှားမှာ ခရီးသည်ပို့ဆောင်ရေးမှာ ရေယာဉ်တွေကို အများဆုံးအသုံးပြုရပေမဲ့ လုံခြုံစိတ်ချရမှု အားနည်းချက်တွေရှိကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ် နှစ်သစ်ကူးကာလမှာလည်း အားလပ်ရက် အပန်းဖြေလည်ပတ်သူတွေ ၂၅၀ ခန့် တင်ဆောင်လာတဲ့ သင်္ဘောတစ်စီး တီဒေါင်ကျွန်းအနီး မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD