AD
AD
AD

ပြင်သစ်မှာ တောမီးလောင်ကျွမ်းမှု


ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ တောမီးများလောင်ကျွမ်းမှုကြောင့် လူ ၁၀,၀၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ Bormes-les-Mimosas ဒေသအနီး လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်တပ်ဖွဲ့ဝင်နဲ့ စစ်သား စုစုပေါင်း ၄,၀၀၀ ကျော်ဖြင့် ငြှိမ်းသတ်နေရကြောင်းလည်း သိရပါတယ်။

play


ပြင်သစ်အစိုးရက တောမီးလောင်မှုကို ကူညီငြှိမ်းသတ်ရန် အိမ်နီးချင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထံ အစောပိုင်းက အကူအညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။

မြေထဲပင်လယ်ကမ်းရိုးတန်တစ်လျှောက် မြေဧရိယာ ၁၅.၄ စတုရန်းမိုင်မှာ တောမီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရပါတယ်။ တောမီးလောင်ကျွမ်းနေတဲ့ Provence နဲ့ Corsica တို့ဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာဒေသတွေလည်း ဖြစ်ပါတယ်။

play


တနင်္လာနေ့ (ဇူလိုင်လ ၂၆ ရက်) ကတည်းက လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်လေယာဉ်များ အကူအညီဖြင့်ပါ ငြှိမ်းသတ်နေပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း မီးငြှိမ်းသတ်စဉ် ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့အရာရှိ ၁၅ ဦးလည်း မီးခိုးမွန်းကျပ်မှု ခံစားခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD