AD
AD
AD

ဂျာမန်နိုက်ကလပ်မှာ ပစ်ခတ်မှုဖြစ်ပွား


ဂျာမနီနိုင်ငံ ကွန်စတန့်စ်မြို့ရှိ နိုက်ကလပ်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး အခြား ၃ ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၄ နာရီခွဲဝန်းကျင်မှာ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။

ထို့နောက် သေနတ်သမားကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။ သေနတ်သမား ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူဟာ နိုက်ကလပ်ကိုလာရောက်တဲ့ ဧည့်သည်ဖြစ်တယ်လို့ ဂျာမန်သတင်းတွေက ပြောပါတယ်။

play


ပစ်ခတ်မှုဖြစ်ပွားစဉ် နိုက်ကလပ်အတွင်းရှိနေခဲ့တဲ့ အခြားဧည့်သည်တွေဟာ ထွက်ပြေးပုန်းအောင်းခဲ့ကြတာကြောင့် အသက်ဘေးမှလွတ်မြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သေနတ်သမားကို နိုက်ကလပ်အတွင်း ဝင်ရောက်ခြင်းမပြုရန် တားဆီးခဲ့တဲ့ တံခါးစောင့်သူတစ်ဦးလည်း ပစ္စတိုဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူတွေက SWR သတင်းဌာနကို ပြောပါတယ်။

play


သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း ဂျာမန်သတင်းတွေက ဖော်ပြပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD