AD
AD
AD

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှု


ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ယနေ့ (ဇူလိုင်လ ၃၀ ရက်) ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူ ၈၀ ကျော် ဒဏ်ရာရခဲ့ပြီး အရေးပါတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်နားခဲ့ရပါတယ်။ ဒါ့အပြင် နေအိမ် သိန်းနဲ့ချီပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ထိုင်းဝမ်တောင်ပိုင်း ကျွန်းပေါ်မှာ ရေကြီးမှုကြောင့် လူ ၁၄ ဦး ပိတ်မိသောင်တင်နေခဲ့ကြောင်း အစိုးရက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း နီဆက် (Typhoon Nesat) ဟာ အားအသင့်အတင့်ရှိ မုန်တိုင်းဖြစ်ပြီး ထိုင်ဝမ်ကို စနေနေ့ (ဇူလိုင် ၂၉ ရက်) မှာ ကုန်းတွင်းမုန်တိုင်းအဖြစ် စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်ဖွန်းနီဆက်ဟာ ထိုင်ဝမ်မှာ ၂ ရက်ကြာ ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး တောင်ပိုင်းစွန်းဒေသတွေမှာ မုန်တိုင်းသက်ရောက်မှု ပိုများနိုင်ကြောင်း သိရပါတယ်။

play


ထိုင်ဝမ်မှာ ဖြတ်သန်းတိုက်ခတ်နေတဲ့ တိုင်ဖွန်းနီဆက်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၇၀ ဝန်းကျင်ရှိကြောင်း ထိုင်ဝမ် မိုးလေဝသဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူ ၈၀ နဲ့ အခြား လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်ဝမ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရခဲ့တဲ့ ကယ်ဆယ်ရေးဝန်ထမ်း အများအပြားဟာ လေနဲ့အတူ ပျံ့လွင့်လာတဲ့ အပျက်အစီးများ ထိခိုက်ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ ထိုင်ဝမ်မြို့တော် တိုင်ပေမှာ လုပ်ငန်းများနဲ့ စာသင်ကျောင်းများ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းနဲ့ ဇူလိုင်လ ၃၀ ရက် တစ်နေကုန် ပိတ်ထားပါတယ်။

play


တိုင်ပေမြို့မှာ အမှိုက်သိမ်းဝန်ဆောင်မှုများ၊ စက်ဘီအငှားဝန်ဆောင်မှုများ ရပ်နားထားပြီး မြေအောက်ရထားခရီးစဉ် အချိန်တွေလည်း ပြောင်းလဲခဲ့ရပါတယ်။ ထိုင်ဝမ်အခြေစိုက် နိုင်ငံတကာလေကြောင်းလိုင်း Eva Airway Corp ရဲ့ လေကြောင်းခရီးစဉ် ၄၂ ခုကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၁၀,၀၀၀ နီးပါး နှောင့်နှေးမှုကြုံခဲ့ရကြောင်း သိရပါတယ်။

ထိုင်ဝမ်ရှိ အခြားမြို့တွေနဲ့ ဒေသတွေမှာလည်း ဇူလိုင်လ ၃၀ ရက်မှာ အလုပ်နဲ့ ကျောင်းများ ပိတ်ထားတယ်လို့ ဆိုပါတယ်။ လူနေအိမ် ၅၀၀,၀၀၀ ခန့်အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်မှာတော့ နေအိမ် ၃၆၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ပါတယ်။

play


တိုင်ဖွန်းနီဆက် သက်ရောက်မှုရှိခဲ့တဲ့ တရုတ်နိုင်ငံ ဖူကျီအန်းပြည်နယ်မှာလည်း ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြတဲ့ လူဦးရေ ၃,၁၀၀ ကျော်ကို မုန်တိုင်းအန္တရာယ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြပါတယ်။

မုန်တိုင်းဟာ တရုတ်ပြည်မကြီးကို ဇူလိုင်လ ၃၀ ရက်မှာ ဝင်ရောက်နိုင်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂ ရက်) အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD