AD
AD
AD

ကိုရီးယားကျွန်းဆွယ်ပေါ်မှာ အမေရိကန် ဗုံးကြဲလေယာဉ် ပျံသန်းမှု


မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်စမ်းသပ်ခဲ့မှုကို တုံ့ပြန်တဲ့အနေဖြင့် အမေရိကန်က အသံထက်မြန်တဲ့ B-1B ဗုံးကြဲလေယာဉ် ၂ စီးကို ကိုရီးယားကျွန်းဆွယ် ကောင်းကင်ယံမှာ ပျံသန်းစေခဲ့ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား လေတပ်တို့က ပြောပါတယ်။

မြောက်ကိုရီးယားက နောက်ထပ် ICBM ဒုံးကျည်စမ်းသပ်မှုကို သောကြနေ့ (ဇူလိုင်လ ၂၈ ရက်) မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်းနဲ့ ယခု ဒုံးကျည်စမ်းသပ်မှုဟာ အမေရိကန်ရဲ့ မည်သည့်နေရာကိုမဆို ဒုံးကျည်ဖြင့်ပစ်ခတ် တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့တယ်လို့လည်း မြောက်ကိုရီးယားက ပြောထားပါတယ်။

play
အမေရိကန် ဗုံးကြဲလေယာဉ် ပျံသန်းမှု


ကိုရီးယားကျွန်းဆွယ် ကောင်းကင်ယံမှာ B-1B ဗုံးကြဲလေယာဉ် ပျံသန်းမှုဟာ မြောက်ကိုရီးယားက လတ်တလောနဲ့ ဇူလိုင်လ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တိုက်ရိုက် တုံ့ပြန်မှုနဲ့ စစ်အင်အားပြသမှုဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ပြောကြားပါတယ်။

(ဆက်စပ်သတင်း - အမေရိကန်တစ်နိုင်ငံလုံး တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းရှိနေပြီလို့ မြောက်ကိုရီးယားပြော)

play
မြောက်ကိုရီးယားက ICBM ဒုံးကျည် ပစ်လွှတ်မှု


ကိုရီးယားကျွန်းဆွယ် ကောင်းကင်ယံမှာ အမေရိကန်ဗုံးကြဲလေယာဉ် ၂ စီး ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက်အစောပိုင်းက ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားလေတပ်က အတည်ပြုခဲံပါတယ်။ ဗုံးကြဲလေယာဉ်တွေဟာ ဂူအမ်ကျွန်းရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းကနေ ထွက်ခွာလာခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား တိုက်လေယာဉ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD