ဗင်နီဇွဲလား ဆန္ဒပြပွဲ အဓိကရုဏ်း


ဗင်နီဇွဲလား လွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦး အသတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဗင်နီဇွဲလားမှာ လွှတ်တော်သစ်ရွေးကောက်ပွဲ မဲပေးမှုတွေကို ယနေ့ (ဇူလိုင်လ ၃၀ ရက်) စတင်ခဲ့ပြီးနောက် ကိုယ်စားလှယ်လောင်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

play
ဗင်နီဇွဲလား လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုမြင်ကွင်းတစ်ခု


ဗင်နီဇွဲလားမှာ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် လွှတ်တော်အသစ်ဖွဲ့စည်းရန် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အတိုက်အခံတွေက လွှတ်တော်ရွေးကောက်ပွဲဟာ သမ္မတ နီကိုလက်စ် မတ်ဒူရိုက အာဏာချုပ်ကိုင်နိုင်ရန် လုပ်ဆောင်မှုဖြစ်ကြောင်း ပြောဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။

အသက် ၃၉ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဂျို့စ်ဖီလစ်ဇ်ပင်နီဒါဟာ စနေနေ့ (ဇူလိုင်လ ၂၉ ရက်) ဒေသစံတော်ချိန် ညပိုင်းက ၎င်းရဲ့နေအိမ်မှာ ပစ်သတ်ခံခဲ့ရကြောင်း ဗင်နီဇွဲလား အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

play
သမ္မတမတ်ဒူရိုကို ကန့်ကွက်ဆန္ဒပြမှု


ဗင်နီဇွဲလား အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်းမှာလည်း အတိုက်အခံ Acción Democrática ပါတီမှ လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရီကာဒိုကမ်ပို့စ် ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။ ဆန္ဒပြမှုများအတွင်း အခြား အမျိုးသား ၂ ဦးလည်း အသတ်ခံခဲ့ရကြောင်း ဗင်နီဇွဲလားသတင်းစာ El Universal က ဖော်ပြခဲ့ပါတယ်။

လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီက ဆန္ဒပြသူတွေဟာ ဆန္ဒပြမှုတွေကို ပိတ်ပင်တဲ့အမိန့်ကို ဆန့်ကျင့်ကန့်ကွက်ကာ ကာရာကက်စ်မြို့တော် လမ်းမတွေကို ပိတ်ဆို့ခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဖြိုခွင်းရအတွက် သံချပ်ကာယာဉ်တွေ အသုံးပြုခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video