AD
AD
AD
play
ဆန်ဖရန်စစ္စကိုရှိ ရုရှးကောင်စစ်ဝန်ရုံး


အမေရိကန်အစိုးရက ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ရုရှားကောင်စစ်ဝန်ရုံးနဲ့ အခြား ဆက်စပ်နေရာ ၂ ခုကို ပိတ်ပင်ရန် ညွန်ကြားလိုက်ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံက ပြီးခဲ့တဲ့လအတွင်း အမေရိကန်သံတမန် အရေအတွက်ကို လျှော့ချခဲ့ပြီးနောက် ကောင်စစ်ဝန်ရုံးပိတ်ပင်ရန် အမေရိကန်အစိုးရက ညွန်ကြားချက် ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။


ရုရှားကောင်စစ်ဝန်ရုံးနဲ့ နယူးယော့ခ်နဲ့ ဝါရှင်တန်မှာရှိတဲ့ ဆက်စပ် နေရာ ၂ ခုကို စနေနေ့ (စက်တင်ဘာ ၂ ရက်) နောက်ဆုံးထား ပိတ်ပင်ရမယ်လို့ အမေရိကန်အစိုးရက ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

အမေရိကန်က ခရိုင်မီးယားအရေးနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးနောက် ကောင်စစ်ဝန်ရုံးပိတ်ရန် ညွန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

play
မော်စကိုမြို့ရှိ အမေရိကန်သံရုံး


ရုရှားကောင်စစ်ဝန်ရုံးနဲ့ ဆက်စပ်နေရာ ၂ ခု ပိတ်ပင်လိုက်ပါက ရုရှားသံတမန် ၃၅ ဦး အမေရိကန်မှ ထွက်ခွာရမယ်လို့ သိရပါတယ်။ ရုရှားကောင်စစ်ဝန်ရုံးနဲ့ ဆက်စပ်နေရာတွေကို ပိတ်ပင်ပြီး ရုရှားသံတမန်တွေ နိုင်ငံမှထွက်ခွာရန် အမေရိကန်သမ္မတ အိုဘားမားက ယမန်နှစ် ဒီဇင်ဘာလမှာ ညွန်ကြားထားခဲ့ပါတယ်။

အိုဘားမားရဲ့ အဆိုပါ ညွန်ကြားမှုအပေါ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒေါ်နယ်ထရန့် အမေရိကန်သမ္မတ ဖြစ်လာခဲ့ချိန် အစောပိုင်းအထိ တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။

play
ဗလာဒီမာ ပူတင်နှင့် ဒေါ်နယ်ထရန့်


နောက်ပိုင်းမှာတော့ အမေရိကန်ရဲ့ အရေးယူမှုတွေကို တုံ့ပြန်မှုအဖြစ် ရုရှားမှာ အမေရိကန်သံတမန် အရေအတွက် ၇၅၅ ဦး လျှော့ချလိုက်ကြောင်း ဇူလိုင် ၃၁ ရက်မှာ သမ္မတပူတင်က ကြေညာခဲ့ပါတယ်။

ရုရှားက လျှော့ချလိုက်တဲ့ အမေရိကန်သံတမန် ၇၅၅ ဦးဟာ ယနေ့ (စက်တင်ဘာ ၁ ရက်) နောက်ဆုံးထားပြီး နိုင်ငံမှထွက်ခွာရမှာ ဖြစ်ပါတယ်။ အမေရိကန်ကလည်း ရုရှားကောင်စစ်ဝန်ရုံးနဲ့ ကုန်သွယ်ရေးဆိုင်ရာအဖွဲ့တွေ အသုံးပြုနေတဲ့ နေရာ ၂ ခုကို စက်တင်ဘာ ၂ ရက်မှာ နောက်ဆုံးထားပြီး ပိတ်ပင်ရန် ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD