AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းလွန်မှာ ရစ်ခ်ျတစကေး ၆.၃ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရပါတယ်။

play


ငလျင်ဟာ ယနေ့ (စက်တင်ဘာ ၁ ရက်) မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဆူနာမီရေလှိုင်း သတိပေးချက်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမ ရှိပါဘူး။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို လတ်တလော သတင်းမကြားရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ဟာ အနောက်ဆူမတြာပြည်နယ် ပဒန်းမြို့တော်ရဲ့ အနောက်တောင်ဘက် ၄၆ မိုင်ခန့်အကွာ မန်တာဝီကျွန်းစုအနီး ဗဟိုပြုလှုပ်တ်ခဲ့တာ ဖြစ်ပါတယ်။


အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ငလျင်ကြောင့် အပျက်အစီးနဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေကို စစ်ဆေးနေကြောင်း သိရပါတယ်။ ပဒန်းမြို့မှာနေထိုင်တဲ့ ဒေသခံ ဂျွန်နက်ဒီက ငလျင်လှုပ်ခတ်မှုကြောင့် မြို့ခံတွေဟာ နေအိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြကြောင်း ပြောပါတယ်။

"ငလျင်က တော်တော်ပြင်းတယ်ဗျ၊ အချို့ကတော့ ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲ အိမ်ထဲပြန်ဝင်လို့ရပြီလို့ ပြောကြတယ်၊ ဒါပေမဲ့ လူအများစုကတော့ ကြောက်လန့်နေတုန်းပဲ" လို့ နက်ဒီက AFP သတင်းဌာနကို ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းခေါ် ကမ္ဘာ့ကျောက်လွှာချပ်ကြီးများ တိုက်မိကြတဲ့နေရာမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။

အင်ဒိုနီးရှားအနောက်ပိုင်း အာချေးပြည်နယ်မှာ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူဦးရေ သောင်းနဲ့ချီကာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: USGS, CNA

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD