AD
AD
AD

ဖရန့်ဖတ်မြို့မှာ မပေါက်ကွဲသေးတဲ့ ကမ္ဘာစစ်လက်ကျန်ဗုံး တွေ့ရှိမှု


ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ မပေါက်ကွဲသေးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီးနောက် မြိုခံ ၇၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းစေမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခု ရွှေ့ပြောင်းမှုဟာ ဂျာမနီမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူအများဆုံး ရွှေ့ပြောင်းရမှုတစ်ခုလည်း ဖြစ်ပါတယ်။

play


အလေးချိန် ၁.၄ တန်ရှိတဲ့ ဗြိတိန်နိုင်ငံထုတ် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ဖရန့်ဖတ်မြို့ရှိ Goethe တက္ကသိုလ်အနီးမှာ တွေ့ရှိခဲ့ပါတယ်။ Goethe တက္ကသိုလ်၊ ဗဟိုဘဏ်နဲ့ ဆေးရုံတွေကိုလည်း ရှင်းလင်းရွှေ့ပြောင်းသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။


ယခုတွေ့ရှိတဲ့ ဗုံးဟာ ဗြိတိန်တပ်ဖွဲ့တွေက လေကြောင်းစီးနင်းမှုတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ HC 4000 အမျိုးအစား ဗုံးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ မပေါက်ကွဲသေးတဲ့ အဆိုပါဗုံးကို ဖရန့်ဖတ်မြို့လယ်အနီး၊ ဈေးဆိုင်များဖြင့် စည်ကားရာနေရာ မြောက်ဘက် ၁.၅ မိုင်အကွာ Wismarer လမ်းမပေါ်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

play
ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီကို ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်


ရဲတပ်ဖွဲ့က အဆိုပါနေရာအနီး စောင့်ကြပ်နေပြီး လတ်တလော အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူတွေက ဗုံးကိုစစ်ဆေးနေပြီး ယခု သီတင်းပတ်ကုန်မှာ မြို့ခံတွေကို ရှင်းလင်းရွှေ့ပြောင်းရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

play


"ကျွန်မတို့ ရှင်းလင်းရွှေ့ပြောင်းဖို့ အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်" လို့ ဖရန့်ဖတ်ရဲတပ်ဖွဲ့မှ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။ ဂျာမနီမှာ မပေါက်ကွဲသေးတဲ့ ကမ္ဘာစစ်လက်ကျန်ဗုံးတွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ဟန်နိုဗာမြို့မှာလည်း မပေါက်ကွဲသေးတဲ့ ဗြိတိန်ထုတ် ဗုံးသုံးလုံးကို ကျွမ်းကျင်သူတွေက ဖယ်ရှားရှင်းလင်းခဲ့ရာမှာ လူ ၅၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD