ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ပြီးနောက် အတိုက်အခံ သမ္မတလောင်း အောင်ပွဲခံ


ကင်ညာနိုင်ငံ တရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီး ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည် ပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲဟာ အခြေခံဥပဒေနဲ့ မညီညွတ်မှုတွေ ရှိခဲ့ကြောင်း တရားရုံးချုပ်က ထောက်ပြထားပါတယ်။

သြဂုတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ ကင်ညာသမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အူဟူရူ ကင်ယတ်တာက ထောက်ခဲမဲ ၁.၄ သန်းဖြင့် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားခဲ့ပါတယ်။

play
ကင်ညာ လက်ရှိသမ္မတ ကင်ယတ်တာ


ကင်ယတ်တာနဲ့ ပြိုက်ဘက်ဖြစ်သူ ရိုင်လာအော့ဒီဂါက ရွေးကောက်ပွဲကော်မရှင်ဟာ အကျင့်ကျက်ခြစားနေကြောင်း ပြောကြားခဲ့ပြီး ကော်မရှင်ကိုဖျက်သိမ်းရန်နဲ့ တရားစွဲဆိုမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။

သမ္မတကင်ယတ်တာက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံပေမဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ ပြောပါတယ်။ ၎င်းက ကင်ညာပြည်သူတွေ အနေနဲ့ ယခင် ရွေးကောက်ပွဲအတိုင်း ဆန္ဒမဲပေးကြရန်နဲ့ အေးဆေးတည်ငြိမ်စွာ နေကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။


အာဖရိက နိုင်ငံတွေမှာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ရွေးကောက်ပွဲဖျက်သိမ်းခြင်းများ ရှိခဲ့ပေမဲ့ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းက ထုတ်ပြန်ပြီးသား ရွေးကောက်ပွဲရလဒ်အပေါ် တရားမှာ ကန့်ကွက်မှုအရ ပယ်ဖျက်ပေးခြင်းမှာ ပထမဆုံးအကြိ ဖြစ်တယ်လို့ သိရပါတယ်။

play
အတိုက်အခံ သမ္မတလောင်း အော့ဒီဂါ


ကင်ညာတရားရေးဌာန အကြီးအကဲ ဒေးဗစ်မာရာဂါက သြဂုတ် ၈ ရက် သမ္မတရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ကြောင်းနဲ့ တရားမဝင်ကြောင်း၊ ပယ်ဖျက်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပြောပါတယ်။

play
တရားရုံးချုပ် ဆုံးဖြတ်ချက် ကြေညာအပြီး အတိုက်အခံများ အောင်ပွဲခံနေစဉ်


ယခု တရားရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ် တရားသူကြီး ၆ ဦးအနက် ၄ ဦးက ထောက်ခံခဲ့ခြင်း ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ တရားရုံးချုပ်က ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ကြောင်း ကြေညာချက်ကို အတိုက်အခံအုပ်စု ထောက်ခံအားပေးသူတွေက တခဲနက် ကြိုဆိုအောင်ပွဲခံခဲ့ကြပါတယ်။

play
အတိုက်အခံ သမ္မတလောင်းကို ထောက်ခံသူများ


ကင်ညာနိုင်ငံမှာ အသက် ၅၅ နှစ်အရွယ် ကင်ယတ်တာက ၂၀၁၃ ခုနှစ်မှာ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၈ ရက် သမ္မတရွေးကောက်ပွဲမှာ ကင်ယတ်တာနဲ့ အသက် ၇၂ နှစ်အရွယ် အော့ဒီဂါတို့ အဓိက ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

ကင်ညာသမ္မတရွေးကောက်ပွဲ ပြုလုပ်ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းများလည်း ပေါ်ပေါက်ခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video