AD
AD
AD

မက္ကစီကိုမှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှု


မက္ကစီကိုနိုင်ငံ Baja California ကျွန်းဆွယ်တစ်လျှောက် အပူပိုင်းမုန်တိုင်း Lidia တိုက်ခတ်ခဲ့မှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်မှာ အတည်ပြု ပြောကြားပါတယ်။

Lidia မုန်တိုင်း ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက် အခြေခံ အဆောက်အဦနဲ့ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။

play


မုန်တိုင်းတိုက်ခတ်စဉ်အတွင်း လူ ၂ ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အခြား ၂ ဦးမှာ ရေစီးသန်နေတဲ့ ချောင်းတစ်ခုကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ပါတယ်။ Lidia မုန်တိုင်းဟာ မက္ကစီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းမှာ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၀ ရက်) မှစပြီး တိုက်ခတ်နေခဲ့တာ ဖြစ်ပါတယ်။


ယမန်နေ့ (စက်တင်ဘာ ၁ ရက်) မနက်အစောပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာခဲ့ပြီး ကျွန်းဆွယ်တစ်လျှောက် ဖြေးညှင်းစွာ ရွေ့လျားနေခဲ့တယ်လို့ ဆိုပါတယ်။ Lidia မုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၆၀ ရှိကြောင်း သိရပါတယ်။

Baja California ကျွန်းဆွယ်မှ ယနေ့ (စက်တင်ဘာ ၂ ရက်) နှောင်းပိုင်းမှာ မုန်တိုင်းဖြတ်ကျာ်ပြီးနောက် အားလျော့မသွားခင်အထိ မုန်တိုင်းအရှိန်ကြောင့် ကျွန်းဆွယ်တစ်လျှောက် မိုးရေချိန် ၆ လက်မမှ ၁၂ လက်မအထိ ရွာသွန်းနိုင်ကြောင်းနဲ့ ဒေသအချို့မှာ မိုးရေချိန် ၁၉ လက်မကျော်အထိ ရွာသွန်းနိုင်ကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းဌာနက ခန့်မှန်းထားပါတယ်။

play


မုန်တိုင်းလမ်းကြောင်းမှာရှိနေတဲ့ Cabo San Lucas နဲ့ San Jose del Cabo အပန်းဖြေစခန်းမှ ကမ္ဘာလှည့် ခရီးသည်တွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ La Paz မြို့မှာ လူ ၁,၀၀၀ ခန့်နဲ့ Los Cabos မှာ နောက်ထပ် လူ ၃,၀၀၀ ကို ခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေရာချထားကြောင်း သိရပါတယ်။

မက္ကစီကိုစီးတီးမှာ Lidia မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ နိုင်ငံတကာလေကြောင်းခရီးစဉ် ၁၈ ခုကို ဖျက်သိမ်းခဲ့ရပြီး မက္ကစီကိုစီးတီးမှာ ဆင်းသက်မယ့် လေကြောင်းခရီးစဉ် ၄၀ ကိုလည်း နောက်ကြောင်းပြန်လှည့်စေခဲ့ရပါတယ်။
Source & Photo: AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD