AD
AD
AD
play
အမေရိကန်ဗိုလ်ချုပ်ကြီး စတီဖင်တောင်စန်


ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလက စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ရုရှားနိုင်ငံက ပြောကြားထားတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟာ အသက်ရှင်နေသေးပုံရကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။


အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီ (Abu Bakr al-Baghdadi) ဟာ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံနယ်စပ်ရှိ အစွန်အဖျားဒေသမှာ ပုန်းအောင်းနေဖွယ်ရှိကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး စတီဖင်တောင်စန်က ဆိုပါတယ်။ ၎င်းဟာ အိုင်အက်စ်အဖွဲ့ တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

play
အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီ


အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံလုံးမှာ အိုင်အက်စ်တို့ ရှုံးနိမ့်မှုတွေ ကြုံလာရပြီးနောက် အဘူဘာကာ ထွက်ပြေးသွားခဲ့ဖွယ်ရှိကြောင်း ဗိုလ်ချုပ်ကြီးစတီဖင်က သုံးသပ်ပါတယ်။

ယခင်ကတည်းကလည်း အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ မည်သည့်နေရာမှာရှိနေကြောင်း မသိနိုင်တာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အဘူဘာကာဟာ ၂၀၁၄ ခုနှစ်မှာ အိုင်အက်စ်အဖွဲ့က အီရတ်နဲ့ ဆီးရီးယား နယ်မြေတွေကို သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အိုင်အက်စ်ခေါင်းဆောင်အဖြစ် လူမြင်ကွင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

 အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာရဲ့ အချက်အလက်အချို့

  • ၁၉၇၁ ခုနှစ်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မြောက်ဘက် ဆမ်မာရာဒေသမှာ မွေးဖွားခဲ့ကြောင်း ယုံကြည်ရပါတယ်။
  • အီရတ်ကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်ခဲ့စဉ်က အဘူဘာကာဟာ ဗလီဆရာတစ်ဦး ဖြစ်ခဲ့ပါတယ်။
  • အချို့သတင်းအချက်အလက်တွေအရ အဘူဘာကာဟာ အီရတ်မှာ ဆက်ဒမ်ဟူစိန် အုပ်ချုပ်စဉ်ကတည်းက အစွန်းရောက်ဂျီဟတ်ဝါဒီ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
  • အခြား သုံးသပ်ချက်တွေအရတော့ အဘူဘာကာဟာ အီရတ်တောင်ပိုင်းရှိ အမေရိကန် ထိန်းသိမ်းရေးစခန်းမှာ ၄ နှစ်ကြာ ဖမ်းဆီးခံခဲ့ရစဉ်အတွင်း အစွန်းရောက်တစ်ဦး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ထိန်းသိမ်းရေးစခန်းမှာ အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။
  • အဘူဘာကာဟာ ၂၀၁၀ ခုနှစ်မှာ အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ရဲ့ အီရတ်နိုင်ငံဆိုင်ရာ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
  • ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်က အဘူဘာကာကို အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းခဲ့ပြီး ၎င်းကို အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ ဖမ်းဆီးနိုင်ရန် သတင်းပေးသူအား ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅ သန်း ပေးအပ်သွားမယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD