AD
AD
AD

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ်က အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်တွေကို ခြိမ်းခြောက်မှုမှန်သမျှကို စစ်ရေးအရ အကြီးအကျယ် တုံ့ပြန်မှုနဲ့ တွေ့ကြုံရမယ်လို့ စက်တင်ဘာ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။

play
ဂျမ်မတ်တစ် (ဝဲဘက်မှ)


မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေနဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးရဲ့ သတိပေးမှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။


မြောက်ကိုရီးယားက စက်တင်ဘာ ၃ ရက်မှာ စမ်းသပ်ဖောက်ခွဲခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို ကြဲချခဲ့တဲ့ အဏုမြူဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ပြင်းအားထက် ပိုမိုပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

"ဂူအမ်ကျွန်း အပါအဝင် အမေရိကန် ဒါမှမဟုတ် အမေရိ့ကန်ရဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်မှုမှန်သမျှဟာ စစ်ရေးအရ အကြီးအကျယ် တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်၊ ထိထိရောက်ရောက်နဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုမျိးပါ" လို့ မတ်တစ်က သတိပေးခဲ့ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကြည့်ရှုစစ်ဆေးနေသည့် ကင်မ်ဂျုံအန်


"ကျွန်တော်တို့က နိုင်ငံတစ်နိုင်ငံကို အလုံးစုံ ပျက်သုဉ်းသွားအောင်လုပ်ဖို့ ရည်ရွယ်ထား မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလိုလုပ်ဖို့ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်" လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက မြောက်ကိုရီးယားနိုင်ငံကို ရည်ညွှန်းပြီး သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း စက်တင်ဘာ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုကြောင့် ရစ်ခ်ျတာစကေး ၆.၃ အထိ ပြင်းထန်းတဲ့ အင်အားပြင်း မြေငလျင်တစ်ခုလည်း လှုပ်ခတ်ခဲ့ပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနှင့် မြေငလျင်လှုပ်ခတ်မှုများ


ယခုစမ်းသပ်မှုဟာ စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလည်း ဖြစ်လာပါတယ်။ မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ တိုက်ချင်းပစ်ဒုံးကျည် (Intercontinental Ballistic Missile - ICBM) မှာ ဟိုက်ဒရိုဂျင်ဗုံး တပ်ဆင်နိုင်ကြောင်းလည်း မြောက်ကိုရီးယားက ပြောကြားထားပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်မှုတွေနဲ့ အရေးယူပိတ်ဆို့မှုတွေ ရှိနေပေမဲ့လည်း မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD