AD
AD
AD

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု


မြောက်ကိုရီးယား နျူကလီးယားစခန်းကို မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ဒုံးကျည်ဖြင့်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၃ ရက် နှောင်းပိုင်းမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအတွင်း F-15K တိုက်လေယာဉ်တွေက ဒုံးကျည်များ ပစ်လွှတ်ခဲ့သလို မြေပြင်မှလည်း ပဲ့ထွန်းဒုံးကျည် ပစ်လွှတ်မှုတွေ ပါဝင်ခဲ့ပါတယ်။

play
တောင်ကိုရီးယားက မြေပြင်မှဒုံးကျည် ပစ်လွှတ်မှု စစ်ရေးလေ့ကျင့်စဉ်


အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျမ်မတ်တစ်က မြောက်ကိုရီးယားအနေနဲ့ စစ်ရေးတုံ့ပြန်မှု အကြီးအကျယ် တွေ့ကြုံရမယ်လို့ သတိပေးခဲ့ပြီးနောက် တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံအတွင်း တပ်ဆင်ချထားရန် ကျန်ရှိနေတဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ၄ ခုကိုလည်း ယာယီ ဖြန့်ကျက်ချထားလိုက်ကြောင်းလည်း သိရပါတယ်။

တာဝေးပစ် ပဲ့ထိန်းဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက စက်တင်ဘာ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။

 
မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် စည်းအဝေးတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၄ ရက်) မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကြည့်ရှုစစ်ဆေးနေသည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေ ရှိနေပေမဲ့လည်း ၎င်းရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

play
တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု


ပြီးခဲ့တဲ့ လအတွင်းကလည်း ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံပေါ်ကို ဖြတ်ကျော်ကာ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ပစိဖိတ်ဒေသပိုင်နက် ဂူအမ်ကျွန်းကိုဦးတည်ကာ ဒုံးကျည်ပစ်လွှတ်မယ်လို့လည်း မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD