AD
AD
AD

ဂျပန်တော်ဝင်မင်းသမီးစုံတွဲက စေ့စပ်သတင်း ထုတ်ပြန်ကြေညာမှု


ဂျပန်တော်ဝင်မင်းသမီး မာကိုနဲ့ သာမန်အရပ်သား သူမရဲ့ချစ်သူတို့ စေ့စပ်လိုက်ပြီလို့ စက်တင်ဘာ ၃ ရက်မှာ ကြေညာပါတယ်။ မင်းသမီးမာကိုဟာ သာမန်အရပ်သားချစ်သူနဲ့ လက်ထပ်မှာဖြစ်တာကြောင့် သူမရဲ့ တော်ဝင်ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမှာလည်း ဖြစ်ပါတယ်။

play
ဂျပန်တော်ဝင်မင်းသမီး မာကိုတို့စုံတွဲ


ဂျပန်ဥပဒေအရ တော်ဝင်မျိုးနွယ် အမျိုးသမီးများ သာမန်အရပ်သားနဲ့ လက်ထပ်ပါက တော်ဝင်အဆင့်အတန်းကို စွန့်လွှတ်ရပါတယ်။ သို့သော် အဆိုပါဥပဒေမှာ တော်ဝင်မျိုးနွယ်ဝင် အမျိုးသားတွေအပေါ် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ မင်းသမီးမာကိုဟာ ဂျပန်ဧကရာဇ် အကီဟီတိုရဲ့ အကြီးဆုံးမြေးမလည်း ဖြစ်ပါတယ်။

ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်ခဲ့တဲ့ စေ့စပ်မှုသတင်းကို ကြေညာခဲ့ရာမှာ မင်းသမီးမာကိုက သူမ အမှန်တစ်ကယ် ပျော်ရွှင်ရကြောင်း ပြောခဲ့ပါတယ်။

play
ဂျပန်တော်ဝင်မင်းသမီး မာကို


"ကျွန်မ ငယ်ငယ်ကတည်းက တစ်ချိန်မှာ ကျွန်မ လက်ထပ်ရင် တော်ဝင်ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမယ်ဆိုတာ သိပါတယ်၊ တော်ဝင်မိသားစုဝင် တစ်ောက်အနေနဲ့ ဂျပန်ဧကရာဇ်ကို ကူညီပေးဖို့နဲ့ တာဝန်တွေကို တတ်နိုင်သလောက် ထမ်းဆောင်ခဲ့စဉ်ကလည်း ကျွန်မရဲ့ ကိုယ်ပိုင်ဘဝကို ကျွန်မ ချစ်ခင်မြတ်နိုးပါတယ်" လို့ မင်းသမီးမာကိုက ဆိုပါတယ်။


မင်းသမီးမာကိုရဲ့ချစ်သူ အသက် ၂၅ နှစ်အရွယ် ကိုင်ကိုမူရိုက ဥပဒေဆိုင်ရာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်သူ ဖြစ်ပါတယ်။ ကိုမူရိုဟာ ရုပ်ရည်ချောမောပြီး ရုပ်မြင်သံကြားမှာ ထင်ရှားသူတစ်ဦးဖြစ်ကာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ 'Prince of the Sea' ဆုကို ရရှိထားသူ ဖြစ်ပါတယ်။

play
ဂျပန်တော်ဝင်မိသားစု


ကိုမူရိုက မင်းသမီးမာကိုကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်က လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးမာကိုဟာ သူ့အပေါ် လမင်းကြီးကဲ့သို့ တိတ်တိတ်လေး စောင့်ကြည့်နေတတ်သူလို့ ကိုမူရိုက ညွှန်းဆိုခဲ့ပါတယ်။ မင်းသမီးမာကိုကလည်း ကိုမူရိုရဲ့အပြုံးဟာ နေမင်းကြီးပမာလို့ တင်စားခဲ့ပါတယ်။

မင်းသမီးမာကိုနဲ့ ကိုမူရိုတို့ စေ့စပ်မှုကို မူလက ဇူလိုင်လမှာ ထုတ်ပြန်ကြေညာရန် စီစဉ်ထားခဲ့ပေမဲ့ ထိုလအတွင်း ဂျပန်တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ တွေ့ကြုံခဲ့ရတာကြောင်း ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးရဲ့ လက်ထပ်ပွဲကို ၂၀၁၈ ခုနှစ် နွေရာသီမှာ ကျင်းပပြုလုပ်သွားမယ်လို့ Imperial Household Agency မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  အသက် ၂၅ နှစ်အရွယ် မင်းသမီးမာကိုဟာ ဂျပန်ဧကရာဇ် အကီဟီတိုရဲ့ ဒုတိယသားဖြစ်သူ မင်းသားအကီရှီနိုရဲ့ အကြီးဆုံးသမီး ဖြစ်ပါတယ်။
Source & Photo: AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD