play
စစ်ရေးပြအခမ်းအနားမှာ တွေ့ရသည့် မြောက်ကိုရီးယာဒုံးကျည်များ


မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည်ပစ်လွှတ်ရန်အတွက် ပြင်ဆင်နေတဲ့ အရိပ်အယောင်များ တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားကို ပစ်လွှတ်ရန်ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်းလည်း တောင်ကိုရီးယားက ဆိုပါတယ်။ 


မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက် တောင်ကိုရီးယားက ဒုံးကျည်ဖြင့်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် THAAD ကိုလည်း တိုးမြှင့်ချထားကြောင်း တောင်ကိုရီးယားက ပြောပါတယ်။

play
တောင်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်တဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ်


မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည်ပစ်လွှတ်လာနိုင်တဲ့ အခြေအနေကြောင့် အမေရိကန်လေယာဉ်တွေနဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကို ကိုရီးယားကျွန်းဆွယ်မှာ အသင့်ချထားရန်အတွက် အမေရိကန်နဲ့ ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားက စက်တင်ဘာ ၄ ရက်မှာ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုအပေါ် တုံ့ပြန်အရေးယူရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၄ ရက် နှောင်းပိုင်းမှာ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်သွားရန် သဘောတူညီခဲ့ကြပါတယ်။

play
မြောက်ကိုရီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ပြုလုပ်စဉ်


အမေရိကန်နိုင်ငံက ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယားကို ပိုမိုပြင်းထန်တဲ့ အရေးယူမှုပြုလုပ်ရန် လိုလားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

တောင်ကိုရီးယားရဲ့ အဆိုအရ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်တဲ့နေရာမှာ နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်ရန်စီစဉ်နေတဲ့ လှုပ်ရှားမှုတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။

play
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေ


"မြောက်ကိုရီးယားက နောက်ထပ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ဖွယ်ရှိတဲ့ အရိပ်အယောင်တွေကို ကျွန်တော်တို့ ဆက်လက် မြင်တွေ့နေရပါတယ်၊ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်နိုင်တယ်လို့လည်း ကျွန်တော်တို့ ခန့်မှန်းပါတယ်" လို့ စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကြားနာမှု အစီအစဉ်မှာ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားက ဇူလိုင်လအတွင်း တိုက်ချင်းပစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ခဲ့ပြီး အဆိုပါ ဒုံးကျည်တွေဟာ မိုင် ၆,၂၀၀ အကွာအဝေးကို ရောက်ရှိနိုင်ပါတယ်။ အဆိုပါ အကွာအဝေးဟာ အမေရိကန်ရဲ့ နေရာဒေသ အများအပြားကို ရောက်ရှိနိုင်တဲ့ အကွာအဝေးလည်းဖြစ်ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video