AD
AD
AD

ကာရေဘီယန်ကျွန်စုတွေကို ဟာရီကိန်းမုန်တိုင်း ဝင်ရောက်နိုင်မှု


ကာရေဘီယန်ကျွန်းစုတွေကို ပြင်းအားအဆင့် ၄ ရှိ အားကောင်းတဲ့ ဟာရီကိန်းမုန်တိုင်း Irma ဝင်ရောက်တိုက်ခတ်မယ့် သတိပေးချက်များ ထုတ်ပြန်ထားပြီး ဒေသခံတွေကို မုန်တိုင်းတိုက်ခတ်မှုအတွက် ပြင်ဆင်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။

ဟာရီကိန်း Irma ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၃၀ အထိ ပြင်းထန်နေပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာမယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းဌာန (National Hurricane Center - NHC) က ခန့်မှန်းထားပါတယ်။

play
ဟာရီကန်း Irma လမ်းကြောင်းပြ မြေပုံ


ဟာရီကိန်း Irma ဟာ Leeward ကျွန်းစုကို ဦးတည်တိုက်ခတ်နေပြီး မုန်တိုင်းကြောင့် ရေလှိုင်းများမြင့်တက်ခြင်း၊ လေပြင်းတိုက်ခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်နေပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာထားကြောင်းလည်း သိရပါတယ်။


အမေရိကန်နိုင်ငံ တက္ကဆက်နဲ့ လူဝီစီးယားနား ပြည်နယ်တွေမှာ ဟာရီကိန်းဟာဗေး တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ နောက်ထပ် ဟာရီကိန်းမုန်တိုင်းတစ်ခု ထပ်မံ တိုက်ခတ်တာလည်း ဖြစ်ပါတယ်။

ဟာရီကိန်းဟာဗေးဟာလည်း ပြင်းအားအဆင့် ၄ မုန်တိုင်းအဖြစ် တိုက်ခတ်ခဲ့ပြီး တက္ကဆက်နဲ့ လူဝီစီးယားနားမှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနဲက နေအိမ်ထောင်နဲ့ချီပြီး ပျက်စီးမှုတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

play

ယခု တိုက်ခတ်နေတဲ့ ဟာရီကိန်း Irma ဟာ အမေရိကန်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ရန် စောလွန်းနေသေးကြောင်း NHC က ပြောပါတယ်။

play
တက္ကဆက်ပြည်နယ်မှာ ဟာရီကိန်းဟာဗေး တိုက်ခတ်ခဲ့ပြီး ရေကြီးမှုဖြစ်နေစဉ်


ဟာရီကိန်း Irma ဟာ ပျူတိုရီကိုအရှေ့ဘက် Leeward ကျွန်းစုကို ယနေ့ (စက်တင်ဘာ ၅ ရက်) နှောင်းပိုင်း သို့မဟုတ် စက်တင်ဘာ ၆ ရက် အစောပိုင်းမှာ ဝင်ရောက်မယ်လို့ NHC က ခန့်မှန်းထားပါတယ်။

ဟာရီကိန်းမုန်တိုင်းကြောင့် Leeward ကျွန်းစု မြောက်ပိုင်းဒေသအချို့မှာ မိုးရေချိန် ၁၀ လက်မအထိ ရွာသွန်းနိုင်ပြီး ပင်လယ်ရေမျက်နှာပြင်ဟာ ပုံမှန်ထက် ၉ ပေအထိ မြင့်တက်နိုင်ကြောင်းလည်း NHC က သတိပေးထားပါတယ်။

ပျူတိုရီကိုမှာလည်း ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး လူဦးရေ ၆၂,၀၀၀ ခိုလှုံနိုင်တဲ့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ရန် ညွှန်ကြားထားပါတယ်။ ပျူတိုရီကိုရှိ ကျောင်းတွေကို စက်တင်ဘာ ၅ ရက်မှာ ပိတ်ထားမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

play


ဟာရီကိန်းမုန်တိုင်း သတိပေးချက်ကို အန်တီဂူအာနဲ့ ဘာဘူဒါ၊ အန်ဂူလ်လာ၊ မွန့်ဆာရတ်၊ စိန့်ကစ်နဲ့ နာဗစ်၊ စိန့်မာတင်၊ စင့်မာတင်း၊ စိန့်ဘာသီလမ်မီ၊ ဆာဘာနဲ့ စိန့်အူစတက်တီယပ်စ် ကျွန်းတွေမှာလည်း ထုတ်ပြန်ထားပါတယ်။

ဟာရီကိန်း Irma ဟာ အဆိုပါကျွန်းတွေကို နောက် ၃၆ နာရီအတွင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ဟာရီကိန်း Irma သက်ရောက်နိုင်တာကြောင့် ပျူတိုရီကို၊ ဂူဒီလိုပီ၊ ဗြိတိသျှ ဗာဂျင်ကျွန်းစုနဲ့ အမေရိကန် ဗာဂျင်ကျွန်းစုတွေမှာ စောင့်ကြည့်အဆင့်သတ်မှတ်ထားပါတယ်။ အဆိုပါဒေသတွကို နောက် ၄၈ နာရီအတွင်း ဟာရီကိန်းမုန်တိုင်း Irma ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိကြောင်း သိရပါတယ်။
Source & Photo: CNN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD