AD
AD
AD

အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ် ဖာရွတ်ခါဘတ်မြို့ရှိ ဆေးရုံတစ်ရုံမှာ မွေးကင်းစကလေး ဒါဇင်နဲ့ချီပြီ သေဆုံးခဲ့မှုအပေါ် ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

play


ဖာရွတ်ခါဘတ်ရှိ Ram Manohar Lohia ဆေးရုံမှာ တစ်လအတွင်း ကလေးငယ် ၄၉ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ကလေး ၃၀ ဟာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မွေးကင်းစကလေးများ အောက်စီဂျင်ပြတ်လပ် သေဆုံးမှုဟာ မွေးဖွားချိန်ကြာမြင့်ရာက ခန္ဓာကိုယ်တွင်း အောက်စီဂျင်ပမာဏ လျော့ကျသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။


သြဂုတ်လအတွင်းကလည်း အဆိုပါပြည်နယ်မှာရှိ Gorakhpur ဆေးရုံမှာ ကလေးငယ် ၁၆၀ ထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးမှုအချို့ဟာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ဖြစ်ကြောင်း သိရပါတယ်။

လတ်တလော စုံစမ်းစစ်ဆေးမှုတွေအရ ကလေးငယ် ၃၀ ဦး သေဆုံးမှုဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကြောင့် ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပြီး ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာပါတယ်။

play


Press Trust of India သတင်းက ဖော်ပြမှုအရ Ram Manohar Lohia ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှ ကလေးငယ် ၃၀ သေဆုံးရမှုဟာ အောက်စီဂျင်ပြတ်လပ်မှုကြောင့်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ အခြား ကလေး ၁၉ ဦးမှာမူ အသေမွေးဖွားခဲ့တာဖြစ်ပြီး အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိဘူးလို့ Press Trust of Indoa က ပြောပါတယ်။ အဆိုပါ ဆေးရုံမှာ ဇူလိုင် ၂၁ ရက်နဲ့ သြဂုတ် ၂၀ ရက်အတွင်း ကလေးငယ် ၄၉ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD