play


မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်မှ သြဂုတ် ၃၀ ရက်အထိ နိုင်ငံတစ်ဝှမ်း စီးနင်းခဲ့မှုများအတွင်း အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၁၉ ဦးကို ဖမ်းဆီးခဲ့ရာ ၎င်းတို့အနက် အီရတ် ၂ ဦးဟာ အီရတ်တောင်ပိုင်းရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ရေးသမားတွေကို ဦးဆောင်သူတွေလို့ ဆိုပါတယ်။


အသက် ၄၁ နှစ်နဲ့ ၆၃ နှစ်အရွယ် ညီအစ်ကိုတော်စပ်သူ အမျိုးသား ၂ ဦးဟာ အီရတ်တောင်ပိုင်းမှ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေရဲ့ တပ်မှူးတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းရေးမှူးချုပ် မိုဟမ်မက်ဖူဇီဟာရမ်က သတင်းထုတ်ပြန် ပြောကြားပါတယ်။

"နည်းပညာရှင်တွေအဖြစ် အလုပ်လုပ်ကိုင်ကြတဲ့ အဆိုပါ ညီအစ်ကိုဟာ အီရတ်တောင်ပိုင်း အိုင်အက်စ်အဖွဲ့က တပ်မှူးတွေဖြစ်ကြောင်း သံသယရှိတယ်လို့ မလေးရှားရဲတပ်ဖွဲ့ စုံစမ်းရေးမှူးချုပ်က ဆိုပါတယ်။

play


မလေးရှားရဲတပ်ဖွဲ့က စီးနင်းမှုများအတွင်း ဖိလစ်ပိုင်တောင်ပိုင်းမှာ အခြေစိုက်တဲ့ အဘူဆေယက်ဖ်အုပ်စုနဲ့ ဆက်နွယ်သူ ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ ၈ ဦးအနက် ၂ ဦးဟာ ဖိလစ်ပိုင်အမျိုးသားဖြစ်ပြီး အခြား ၆ ဦးမှာ မလေးရှားလူမျိုးများ ဖြစ်ပါတယ်။

play


ဖမ်းဆီးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားတစ်ဦးက ကွာလာလမ်ပူမှာ သြဂုတ် ၃၀ ရက်က ကျင်းပပြုလယပ်ခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပိတ်ပွဲအခမ်းအနားမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။

play


အဆိုပါ ဖိလစ်ပိုင်အမျိုးသားဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ တိုက်ခိုက်မှုများ၊ ဖိလစ်ပိုင် ၆ ဦးကို ဓားစာခံအဖြစ် ပြန်ပေးဆွဲမှုနဲ့ ခရစ်ယာန် ဓားစာခံတစ်ဦးကို ၂၀၁၀ ခုနှစ် ခေါင်းဖြတ်သတ်မှုတို့မှာ ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှူးချုပ်က ပြောပါတယ်။

မလေးရှားရဲတပ်ဖွဲ့က အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေအဖြစ် ဖမ်းဆီးခဲ့သူတွေအနက် မော်လ်ဒိုက်၊ ပါလက်စတိုင်းနဲ့ အင်ဒိုနီးရှား လူမျိုးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
Source & Photo: CNA

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video