AD
AD
AD
play


ကိန်းဘရစ်ခ်ျမြို့စားနဲ့ မြို့စားကတော် ဗြိတိန်တော်ဝင်စုံတွဲက ပြင်သစ်မဂ္ဂဇင်းထံမှ နစ်နာကြေး ပေါင်စတာလင် ၉၂,၀၀၀ ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ပြင်သစ်မဂ္ဂဇင်းက မင်းသားဝီလျံရဲ့ဇနီး ကက်သရင်းရဲ့ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ဓာတ်ပုံတွေကို ပုံနှိပ်ဖော်ပြခဲ့ရာ တော်ဝင်စုံတွဲက တရားစွဲဆိုခဲ့ပါတယ်။

Closer မဂ္ဂဇင်းက ပြင်သစ်အရှေ့တောင်ပိုင်း Provence မှာ တော်ဝင်စုံတွဲ အပန်းဖြေအနားယူနေစဉ် ဓာတ်ပုံရိုက်ကူးကာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။


Closer မဂ္ဂဇင်းက ဓာတ်ပုံတွေဖော်ပြခဲ့မှုဟာ တော်ဝင်စုံတွဲရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးရာရောက်ကြောင်း ပြင်သစ်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို တော်ဝင်စုံတွဲက ကျေနပ်မှုရှိကြောင်း ကင်စင်တန်နန်းတော်က ပြောကြားခဲ့ပါတယ်။

play


ပြင်သစ်တရားရုံးက ချမှတ်လိုက်တဲ့ ဒဏ်ငွေဟာ အမြင့်ဆုံးချမှတ်နိုင်တဲ့ ပမာဏဖြစ်ကြောင်းလည်း သိရပါတယ်။ တရားရုံးက ဓာတ်ပုံဆရာတွေနဲ့ Closer မဂ္ဂဇင်း အယ်ဒီတာအပါအဝင် လူ ၆ ဦးကို မေလမှစတင်ပြီ ကြားနာစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ၆ ဦးလုံးဟာ တော်ဝင်စုံတွဲကို ဓာတ်ပုံရိုက်ပြီး မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့မှုအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မင်းသားဝီလျံနဲ့ ကက်သရင်းတို့ရဲ့ ရှေ့နေတွေက ပြင်သစ်မဂ္ဂဇင်းထံမှ နစ်နာကြေး ပေါင်စတာလင် ၁.၅ သန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

play


ပြင်သစ်မဂ္ဂဇင်း Closer က မျက်နှာဖုံးနဲ့ အတွင်းစာမျက်နှာတွေမှာ အပေါ်ပိုင်းဗလာကျင်းကာ နေဆာလှုံနေတဲ့ ကက်သရင်းကို အနီးကပ်ဆွဲယူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ Closer က ကက်သရင်းရဲ့ အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံတွေကို ၂၀၁၂ ခုနှစ် စက်တင်ဘာလထုတ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play
ဗြိတိန်တော်ဝင်စုံတွဲ ပြင်သစ်မှာ အပန်းဖြေအနားယူခဲ့သည့် နေအိမ်


အဆိုပါဖြစ်ရပ်ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဆိုးရွားစွာထိပါးခြင်း ဖြစ်ကြောင်းနဲ့ တရားဥပဒေအရ ဆောင်ရွက်မှုတွေ ပြုလုပ်ရန်လိုအပ်ကြောင်း တော်ဝင်စုံတွဲက သုံးသပ်ခဲ့ကြောင်း ကင်စင်တန်နန်းတော်က ပြောပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးရာရေက်ြတဲံ အလားတူဖြစ်ရပ်မျိုး မဖြစ်သင့်ကြောင်းကို တော်ဝင်စုံတွဲက အလေးအနက် ထောက်ပြလိုခြင်း ဖြစ်ကြောင်းလည်း နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD