AD
AD
AD
play
ဟိုက်ဒရိုဂျင်ဗုံးကို ကင်မ်ဂျုံအန် ကြည့်ရှုစစ်ဆေးစဉ်


မြောက်ကိုရီးယားမှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုကြောင့် မြေပြိုကျမှု အများအပြား ဖြစ်ပေါ်ခဲ့ပုံရကြောင်း စမ်းသပ်မှုပြီးနောက်ပိုင်း ဂြိုဟ်တုပုံရိပ်များအရ တွေ့ရပါတယ်။

တနင်္ဂနွေနေ့ (စက်တင်ဘာ ၃ ရက်) က တောင်တန်းထူထပ်ရာဒေသရှိ Punggye-ri နျူကလီးယားစမ်းသပ်စခန်း မြေအောက်နေရာမှာ ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

 

မြောက်ကိုရီးယားအရေး စောင့်ကြည့်အဖွဲ့ 38 North အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေအရ နျူကလီးယားစမ်းသပ်စခန်းဝန်းကျင်မှာ မြေပြိုကျမှု အများအပြား ဖြစ်ခဲ့ပုံရမှုကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုကြောင့် ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ တရုတ်နိုင်ငံဘက်မှလည်း ခံစားသိရှိခဲ့ရပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံး မစမ်းသပ်မီ ဂြိုဟ်တုပုံရိပ်


စက်တင်ဘာ ၃ ရက်က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုဟာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလည်း ဖြစ်လာပါတယ်။

38 North အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေဟာ မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့ပြီး နောက်တစ်ရက်မှာ မြင်တွေ့ရတဲ့ ပုံရိပ်များဖြစ်ပြီး မြေပြင်အနေအထား ပြောင်းလဲမှုအများအပြားကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

play
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ပြီးနောက်ပိုင်း ဂြိုဟ်တုပုံရိပ်


မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ အဏုမြူဗုံးထက် အဆပေါင်းများစွာ ပိုမို အားပြင်းတယ်လို့လည်း သိရပါတယ်။

တာဝေးပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်နိုင်ခဲ့ကြောင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြည့်ရှုစစ်ဆေးနေပုံကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပြီး နာရီအတန်ကြာမှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားက မကြာသေးမီ သြဂုတ် ၂၉ ရက်ကလည်း Hwasong-12 တာလတ်ပစ်ဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်ပစ်လွှတ်ခဲ့ရာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD