AD
AD
AD

အတ္တလန္တိတ်မှာ အားအပြင်းဆုံး ဟာရီကိန်းအာရ်မာ တိုက်ခတ်မှု


ရာစုနှစ်တစ်ခုအတွင်း အတ္တလန္တိတ်သမုဒ္ဒရာမှာ အားအပြင်းဆုံး မုန်တိုင်းဖြစ်လာတဲ့ ဟာရီကိန်းမုန်တိုင်း အာရ်မာ (Irma) ဟာ ကာရစ်ဘီယန်ကျွန်းစု မြောက်ပိုင်းဒေသတွေကို ယနေ့ (စက်တင်ဘာ ၆ ရက်) ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။

play


ပြင်းအားအဆင့် ၅ (Category 5) အထိ အားကောင်းတဲ့ ဟာရီကိန်းအာရ်မာ တိုက်ခတ်မှုကြောင့် လေပြင်းများတိုက်ခြင်း၊ ပင်လယ်ရေလှိုင်းများမြင့်တက်ခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်နေပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် စိန့်မာတင်ကျွန်းရဲ့ ပြင်သစ်ပိုင်နက်အတွင်း လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဟာရီကိန်းအာရ်မာဟာ ယခု သီတင်းပတ်ကုန်မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ကြောင်းလည်း သိရပါတယ်။


အမေရိကန်မှာ အာရ်မာမတိုင်မီက ယခုရက်ပိုင်းအတွင်းကလည်း တက္ကဆက်ပြည်နယ်ကို ဟာရီကိန်းမုန်တိုင်း ဟာဗေး တိုက်ခတ်ခဲ့ရာ လူ ၆၀ ကျော် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံအထိ ရှိခဲ့ပါတယ်။

play


လက်ရှိမှာ ကာရစ်ဘီယန်ဒေသကို စတင်ဝင်ရောက်နေတဲ့ ဟာရီကိန်းအာရ်မာဟာ Category 5 အထိ အားကောင်းနေပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၅ မိုင်အထိ ပြင်းထန်နေပါတယ်။ ဟာရီကိန်းအာရ်မာဟာ ဘာဘူဒါကျွန်းမှ ရွေ့လျားသွားပြီး ပျူတိုရီကိုအရှေ့ဘက်ရှိ စိန့်မာတင်ကျွန်းကို ဦးတည်နေကြောင်း သိရပါတယ်။

play


အာရ်မာဟာ ဖလော်ရီဒါကို လာမယ့် စနေနေ့ (စက်တင်ဘာ ၉ ရက်) မှာ ဝင်ရောက်နိုင်ကြောင်း အမေရိကန် အမျိုးသားဟာရီကန်းဌာန (National Hurricane Center - NHC) က ခန့်မှန်းထားပါတယ်။

play


ဟာရီကိန်းအာရ်မာ ဖြတ်သန်းတိုက်ခတ်ရာ ကာရစ်ဘီယန်ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

အာရ်မာ ဖြတ်သန်းတိုက်ခတ်နိုင်တဲ့ ကာရစ်ဘီယန်မှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD