AD
AD
AD
play


ပြင်သစ်နိုင်ငံ ပါရီမြို့အနီး လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ အဆင်သင့် အသုံးပြုနိုင်တဲ့ နေအိမ်လုပ် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ပါရီမြို့တောင်ဘက် ဆင်ခြေဖုံးဒေသ Villejuif ရှိ တိုက်ခန်းတစ်ခန်းမှာ ဂက်စ်အိုးတွေနဲ့ ဝါယာကြိုးတပ်ဆင်ထားကာ ဖောက်ခွဲရေးပစ္စည်းအဖြစ် ပြုလုပ်ထားမှုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ရဲတပ်ဖွဲ့က အဆိုပါ တိုက်ခန်အနီးမှာ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစောပိုင်းသတင်းတွေက ဖောက်ခွဲရေးပစ္စည်းဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အသုံးပြုနေကျ TATP ခေါ် ဖောက်ခွဲရေးပစ္စည်းဖြစ်တယ်လို့ ဆိုပါတယ်။

အိုင်အက်စ်အဖွဲ့က လတ်တလော နှစ်များအတွင်း ပြင်သစ်နိုင်ငံကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။ ရဲတပ်ဖွဲ့က တိုက်ခန်းအတွင်း TATP ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ အာရပ်ဘာသာဖြင့် ရေးသားထားတဲ့ စာရွက်စာတမ်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

play


ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူတွေဟာ အသက် ၃၆ နှစ်နဲ့ ၄၇ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး ၎င်းတို့အနက် တစ်ဦးက တိုက်ခန်းပိုင်ရှင်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တိုက်ခန်းရှိတဲ့ အဆောက်အအုံမှာ အလုပ်လုပ်သူတစ်ဦးက သံသယဖြစ်ဖွယ် ပစ္စည်းများတွေ့ရှိရကြောင်း သတင်းပေးခဲ့တယ်လို့ ပါရီရဲတပ်ဖွဲ့က ပြောပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းတွေအရ ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုနဲ့ ဆက်စပ်ပြီး တတိမြောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ယခုတွေ့ရှိရတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ ပါရီမြို့ရှိ ဘဏ်တွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

play


ပြီးခဲ့တဲ့လအတွင်းက စပိန်နိုင်ငံ ဘာစီလိုနာနဲ့ ကမ်ဘရီစ်မြို့တို့မှာ ဗင်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့တဲ့ အုပ်စုကလည်း TATP ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရန် ပြင်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။

စပိန်မှာ ဗင်ကားများသုံးပြီး တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားအုပ်စု နေထိုင်ခဲ့တဲ့ အိမ်တစ်အိမ်ကို ရှာဖွေစစ်ဆေးခဲ့ရာမှာ TATP ပြုလုပ်ရန်အသုံးပြုတဲ့ acetone နဲ့ အခြားပစ္စည်းများကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါနေအိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပျက်စီးခဲ့ကြောင်းနဲ့ ဂက်စ်အိုး ၁၂၀ စုဆောင်းထားတာကိုလည်း တွေ့ရှိကြောင်း သိရပါတယ်။

ပါရီမြို့မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း လူ ၁၃၀ သေဆုံးခဲ့တဲ့ အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံမှာ အရေးပေါ် အခြေအနေထုတ်ပြန်ထားပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းကလည်း နိစ်မြို့မှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD