ဇီကာက ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုကို ကုသရာမှာ အထောက်အကူပြုနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။


သန္ဓေသားရဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဇီကာ (Zika) ဗိုင်းရပ်စ်က အရွယ်ရောက်ပြီးသူတွေမှာ ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုကို ကုသရာမှာ အထောက်အကူပြုနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ ယခုအချိန်ထိ ကျန်းမာရေးခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး ကုသနိုင်ခြင်းမရှိသေးပါဘူး။


သို့သော် ယခုနောက်ဆုံး သုတေသနအရ မွေးကင်းစကလေးတွေမှာ တွေ့ရတဲ့ ဇီကာဗိုင်းရပ်စ်ဟာ ကုသရန်ခက်ခဲတဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်ကင်ဆာကြောင့် ဦးနှောက်အတွင်း ကင်ဆာဆဲလ် ပျံ့နှံ့မှုကို ရပ်တန့်နိုင်တယ်လို့ သိရပါတယ်။

ဇီကာဗိုင်းရပ်စ်ကို ဦးနှောက်မှာအကြိတ် ဖြစ်နေတဲ့ ကြွက်ကို ထိုးသွင်းပေးပြီး စမ်းသပ်ခဲ့ရာ အခြား ဦးနှောက်ဆဲလ်တွေထံ ကင်ဆာဆဲလ်ပျံနှံ့မှု မရှိတော့ဘဲ အကောင်းအတိုင်း ကျန်ရှိနေတာ တွေ့ရှိရပါတယ်။

See also:

ယခုစမ်းသပ်မှုကို လူသားတွေမှာစမ်းသပ်ရန် အချိန်ကြာမြင့်အုံးမှာ ဖြစ်ပေမဲ့ အသက်အန္တရာယ်ရှိတဲ့ ဦးနှောက်အကြိတ်ကို ခွဲထုတ်ဖယ်ရှားနေချိန်မှာ ဇီကာဗိုင်းရပ်စ်ကို ဦးနှောက်အတွင်း တစ်ချိန်တည်း

ထိုးသွင်းကုသပေးနိုင်တဲ့ အလားအလာရှိနေကြောင်း Journal of Experimental Medicine မှာ ဖော်ပြထားပါတယ်။ ဦးနှောက်ကင်ဆာ အမျိုးအစား အများအပြားရှိပြီး ဦးနှောက်မှာအကြိတ် ဖြစ်ခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်ပွားလေ့ရှိကာ ကုသရန်အခက်အခဲဆုံး ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။



ဦးနှောက်အကြိတ်ဟာ ကြီးထွားပျံနှံ့မှုမြန်ပြီး မည်သည့်နေရာမှာ အကြိတ်ဖြစ်တည်မှု အဆုံးသတ်ကာ ကောင်းမွန်တဲ့ ဦးနှောက်တစ်ရှူးများ စတင်ဖြစ်တည်ကြောင်းကို တွေ့ရှိနိုင်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်သုံးပြီး အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်ကင်ဆာကို ကုသတဲ့စမ်းသပ်မှုအား လူတွေမှာ ၁၈ လအတွင်း စတင်နိုင်မယ်လို့ သုတေသနပညာရှင် ဒေါက်တာမိုက်ကယ်ဒိုင်းမွန်းက မျှော်လင့်ထားပါတယ်။

ဗိုင်းရပ်စ်များ အသုံးပြုပြီး ကင်ဆာရောဂါ ကုသမှုဟာ နည်းလမ်းအသစ်တစ်ခု မဟုတ်ပေမဲ့ ဇီကာဗိုင်းရပ်စ်ကို ထိုသို့ အသုံးပြုခြင်းဟာ ရှာဖွေတွေ့ရှိမှုအသစ် ဖြစ်လာကြောင်း သိရပါတယ်။

 

Share

Loading Next Article...
က္က