AD
AD
AD

အစ္စရေးတိုက်လေယာဉ်တွေက ဆီးရီးယားနိုင်ငံ အနောက်ပိုင်းရှိ ဓာတုလက်နက်များ ထုတ်လုပ်နေကြောင်း အနောက်အုပ်စုက သံသယရှိနေတဲ့ နေရာတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။

play
အစ္စရေးတိုက်လေယာဉ်


ဆီးရီးယားစစ်တပ်က သတင်းထုတ်ပြန်ချက်အရ အစ္စရေးတိုက်လေယာဉ်တွေက လက်ဘနွန်လေကြောင်းပိုင်နက်ထဲမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီးရီးယားအနောက်မြောက်ပိုင်း မက်စ်ယက်ဖ်မြို့အနီးရှိ စစ်စခန်းတစ်ခုကို ထိမှန်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


အစ္စရေးတိုက်လေယာဉ်တွေဟာ သိပ္ပံဆိုင်ရာ သုတေသနဌာနနဲ့ မြေပြင်ပစ် ဒုံးကျည်များ သိုလှောင်ထားတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ စောင့်ကြည့်အုပ်စုတစ်ခုက ပြောပါတယ်။ အစ္စရေးစစ်ဘက်မှ ပြောခွင့်ရ အမျိုးသမီးကတော့ ယခုသတင်းတွေနဲ့ ပတ်သက်ပြီး ဖြေကြားရန် ငြင်းဆိုခဲ့ကာ စစ်ဆင်ရေးကိစ္စရပ်တွေအပေါ် မှတ်ချက်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

play
အစ္စရေး လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့စဉ်


ဧပြီလအတွင်း ဆီးရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီးက အာရုံကြောထိခိုက်စေတဲ့ ဓာတ်ငွေ့ပါဝင်တဲ့ ဗုံတစ်လုံးကို သူပုန်များထိန်းချုပ်ထားရာ မြို့တစ်မြို့ပေါ်ကို ကြဲချခဲ့မှုကြောင့် လူ ၈၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေက ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ အစ္စရေးတိုက်လေယာဉ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play
ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွင်း ဓာတ်ငွေ့သင့်သူတစ်ဦးကို တွေ့ရစဉ်


ဆီးရီးယားသမ္မတ ဘရှားအာဆတ်ကတော့ ခန်းရှိတ်ခ်ဟွန်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ လုပ်ကြံဖန်တီး စွပ်စွဲမှုသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ အာရုံကြောထိခိုက်စေတဲ့ ဗုံးကြဲချခဲ့မှုကြောင့် အမေရိကန်က ဆီးရီးယားလေတပ် အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။

၂၀၁၃ ခုနှစ်က ဒမတ်စကက်မြို့ပြင်မှာ ဆာရင်အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့ ရုရှားတို့ ကြားဝင်ဆောင်ရွက်ခဲ့တဲ့ သဘောတူညီမှုအရ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို အလုံးစုံဖျက်ဆီးပြီးဖြစ်တယ်လို့ သမ္မတအာဆတ်က အိုင်အမာ ပြောခဲ့ပါတယ်။

play
ဆီးရီးယားသမ္မတ ဘရှားအာဆတ်


အစ္စရေးနိုင်ငံက ဆီးရီးယားအရေးကို သတိထားစောင့်ကြည့်နေပြီး ဆီးရီးယားရဲ့ အဓိက ကျောထောက်နောက်ခံ  အီရန်နဲ့ ၎င်းရဲ့မဟာမိတ် ဟစ်ဇ်ဘိုလာပြောက်ကျားတို့ အဆိုပါနိုင်ငံမှာ ပိုမို သြဇာလွှမ်းမိုးလာမယ့် အခြေအနေကို စိုးရိမ်ပူပန်မှု ရှိနေပါတယ်။

ဟစ်ဇ်ဘိုလာပြောက်ကျားအုပ်စုထံကို ခေတ်မီလက်နက်များ ပေးပို့နေမှုတွေကို တားမြစ်နိုင်ရန် ဆီးရီးယားနိုင်ငံအတွင်း ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ်အတွင်း အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ နက်တန်ယာဟူက အီရန်နိုင်ငံဟာ အစ္စရေးကို တိုက်ခိုက်ရန်ရည်ရွယ်ပြီး ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာ ဒုံးကျည်ထုတ်လုပ်ရန် စက်ရုံများတည်ဆောက်နေကြောင်း ပြောခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD