AD
AD
AD
play


ဟာရီကိန်းအာရ်မာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ကာရစ်ဘီယန်ဒေသမှာ ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကာရစ်ဘီယန်မှာ ဟာရီကိန်းအာရ်မာ တိုက်ခတ်မှု


ရာစုနှစ်တစ်ခုအတွင်း အတ္တလန္တိတ်သမုဒ္ဒရာမှ အားအပြင်းဆုံး ဖြစ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း အာရ်မာက စက်တင်ဘာ ၆ ရက်မှာ ကာရစ်ဘီယာန်ဒေသရှိ ဘာဘူဒါကျွန်းနဲ့ စိန့်မာတင်ကျွန်းတို့ကို စတင်ဝင်ရောက်ခဲ့ပါတယ်။

play


အာဏာပိုင်တွေရဲ့ အဆိုအရ စိန့်မာတင်ကျွန်းဟာ ဟာရီကိန်းအာရ်မာ တိုက်ခတ်မှုကြောင့် လုံးဝနီးပါး ပျက်စီးခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။ ဟာရီကန်းအာရ်မာက ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် ကာရစ်ဘီယန်ကို ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိမှာ အာရ်မာဟာ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံရဲ့ မြောက်ဘက်မှာရှိနေပြီး Turks and Caicos ကျွန်းကို ဦးတည်နေကြောင်း သိရပါတယ်။

play


Turks and Caicos ကျွန်းရဲ့ အနိမ့်ပိုင်းဒေသမှာ နေထိုင်သူတွေဟာ မုန်တိုင်းကြောင့် အမြင့်ပေ ၂၀ အထိရှိ ပင်လယ်ရေလှိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ရေကြီးမှုအန္တရယ် ကြုံရနိုင်ကြောင်း သတိပေးထားပါတယ်။

play


ထိုအတောအတွင်း အမေရိကန် အရေးပေါ်ဌာနက ဟာရီကိန်းအာရ်မာက အဖျက်စွမ်းအားကြီးမားနိုင်ပြီး အမေရိကန်တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ သက်ရောက်မှုရှိနိုင်ကြောင်း ပြောပါတယ်။
ဟာရီကိန်းအာရ်မာရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၈၀ အထိ အားကောင်းပြင်းထန်ပါတယ်။

play


အတ္တလန္တိတ်သမုဒ္ဒရာ အာရ်မာအပြင် နောက်ထပ် အပူပိုင်းမုန်တိုင်း ၂ ခုဟာလည်း ဟာရီကိန်းမုန်တိုင်းအဆင့် အားကောင်းလာနေကြောင်း သိရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD