AD
AD
AD
play
စစ်ဘက်ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကင်မ်ဂျုံအန်


အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိတ်ပင်မှုနဲ့ ကင်မ်ဂျုံအန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှုတွေ အပါအဝင် အရေးယူပိတ်ဆို့မှုဆိုင်ရာ မူကြမ်းတစ်ခုကို ကုလသမဂ္ဂထံ တင်သွင်းထားကြောင်း သိရပါတယ်။ အဆိုပါ မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများသို့ဖြန့်ဝေထားပါတယ်။

    
မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် စက်တင်ဘာ ၃ ရက်က ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲစမ်းသပ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပြုလုပ်ကာ တုံ့ပြန်အရေးယူရန် စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

play
ပြုံးယမ်းမှာ ပြုလုပ်ခဲ့သည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်အောင်မြင်မှု အောင်ပွဲခံ အခမ်းအနား


မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ကို တိုက်ခိုက်မယ်လို့ ဆက်လက် ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်က လုံခြုံရေးကောင်စီမှာ အဆိုပြုထားတဲ့ မြောက်ကိုရီးယားကို နောက်ထပ် အရေးယူပိတ်ဆို့မယ့် အစီအစဉ်အား တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကန့်ကွက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂက ကုန်သွယ်မှုဆိုင်ရာ ပိတ်ပင်မှုများ အပါအဝင် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကင်မ်ဂျုံအန် ကြည့်ရှုစစ်ဆေးနေစဉ်


ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အသစ်ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေအရ ကျောက်မီးသွေးတင်ပို့မှုကို ပိတ်ပင်ခဲ့ရ မြောက်ကိုရီးယားအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဆုံးရှုံးနစ်နာခဲ့ပြီး ထိုပမာဏဟာ ၎င်းရဲ့ ပို့ကုန်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလည်း ဖြစ်ပါတယ်။

play
မြောက်ကိုရီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်


အမေရိကန်က ယခု အဆိုပြုခဲ့တဲ့ အရေးယူပိတ်ဆို့မှု အစီအစဉ် မူကြမ်းမှာ မြောက်ကိုရီးယားသို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုတွေကို အလုံးစုံ ပိတ်ပင်ရန်နဲ့ မြောက်ကိုရီးယားထံမှ အထည်အလိပ် တင်ပို့မှုတွေကို ပိတ်ပင်ရန် ပါဝင်ပါတယ်။

ထို့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားရန်၊ ကင်မ်ဂျုံအန်နဲ့ မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိတွေ ခရီးသွားလာမှုအား ပိတ်ပင်ထားရန်တို့လည်း ပါဝင်ကြောင်း သိ ရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD