AD
AD
AD

အတ္တလန္တိတ်သမုဒ္ဒရာမှာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟာရီကိန်းမုန်တိုင်း ၃ ခု တစ်ချိန်တည်း ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

play


ရာစုနှစ်တစ်ခုအတွင်း အတ္တလန္တိတ်မှာ အားအပြင်းဆုံး ဖြစ်လာတဲ့ ဟာရီကိန်းမုန်တိုင်း အာရ်မာ (Irma) က ကာရစ်ဘီယန်ဒေသ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့ချိန်မှာ ဟာရီကိန်းဂျို့စ် (Jose) က အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖြတ်သန်းတိုက်ခတ်နေပါတယ်။

play


ထို့အတူ အပူပိုင်းမုန်တိုင်း ကတ်တီယာ (Katia) ကလည်း ဟာရီကိန်းမုန်တိုင်းအဆင့်သို့ အားကောင်းလာခဲ့ပြီး အတ္တလန္တိတ်သမုဒ္ဒရာအတွင်း မက္ကစီကိုကမ်းလွန်းမှာ တိုက်ခတ်နေကြောင်း သိရပါတယ်။

ဟာရီကိန်းကက်တီယာဟာ လက်ရှိမှာ မက္ကစီကိုနိုင်ငံ တမ်ပီကိုမြို့ အရှေ့ဘက် ၁၈၅ မိုင်အကွာ မက္ကစီကိုပင်လယ်ကွေ့မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်ဖြင့် တိုက်ခတ်နေပါတယ်။

play


အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဟာရီကိန်းမုန်တိုင်း ၃ ခု တစ်ချိန်တည်း တိုက်ခတ်နေမှုမှာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်မှာလည်း အတ္တလန္တိတ်မှာ ယခုကဲ့သို့ ဟာရီကိန်းမုန်တိုင်း ၃ ခု တစ်ချိန်တည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရပါတယ်။

ဟာရီကိန်းကတ်တီယာဟာ ပိုမိုအားကောင်းလာနိုင်ပြီး မက္ကစီကိုနိုင်ငံ ဗာရာခရုဇ်ကမ်းရိုးတန်းကို စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်အတွင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။


ဟာရီကိန်းအာရ်မာက ကာရစ်ဘီယန်ကျွန်းစုတွေကို ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၆ ရက်) မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး စိန့်မာတင်ကျွန်းမှာ ပျက်စီးဆုါံ်ရှုံးမှုများစွာ ဖြစ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

play


ဟာရီကိန်းအာရ်မာဟာ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံရဲ့ မြောက်ဘက်ကနေ Turks and Caicos ကျွန်းကို ဦးတည်နေကြောင်းလည်း သိရပါတယ်။

အမေရိကန် အရေးပေါ်ဌာနက ဟာရီကိန်းအာရ်မာက အဖျက်စွမ်းအားကြီးမားနိုင်ပြီး အမေရိကန်တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ သက်ရောက်မှုရှိနိုင်ကြောင်း ပြောထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD