play


မက္ကဆီကိုနိုင်ငံ ကမ်းခြေ ပစိဖိတ်တောင်ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခပ်သွားခဲ့ကြောင်း သိရပါတယ်။ မက္ကဆီကိုနိုင်ငံအတွင်းက ပီဂျာပန်မြို့ကလေးရဲ့ အနောက်တောင်ဘက် ၆၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခပ်သွားခဲ့တာဖြစ်ပါတယ်။

play

 
ငလျင်ပြင်းအားဟာ ရစ်ခ်ျတာစကေး ၈.၁ အဆင့်ရှိပြီး မက္ကစီကိုမှာ ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ဘူမိဗေဒအသင်းရဲ့ ထုတ်ပြန်ချက်အရ ငလျင်လှုပ်ခပ်သွားတာဟာ မြေအောက် ၃၅ ကီလိုမီတာအနက်မှာ ရှိခဲ့တယ်လို့ သိရပါတယ်။


ဒီအင်အားပြင်း ငလျင်ကြောင့် မက္ကဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာ၊ ပနားမား၊ ဟွန်ဒူးရက်စ် စတဲ့ နိုင်ငံတွေအတွင်း ဆူနာမီအရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်လိုက်ရပါတယ်။ ငလျင်ဒဏ်ကို မက္ကဆီကို မြို့တွင်းကပါ ခံစားလိုက်ရပြီး အဆောက်အဦတွေ လှုပ်ခတ်သွားလို့ လူတွေလမ်းမပေါ် ထွက်ပြေးခဲ့ရပါတယ်။

play


ထပ်မံသိရှိရတဲ့ သတင်းတွေအရ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရစ်ခ်ျတာစကေး ၄.၃ မှ ၅.၇ အထိရှိတဲ့ နောက်ဆက်တွဲငလျင် ၁၀ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video