မက္ကစီကိုနိုင်ငံမှာ ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၇ ဦးထက်မနည်း မြင့်တက်လာကြောင်း သိရပါတယ်။

မက္ကစီကိုမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှု


ဒေသစံတော်ချိန် ကြာသပတေးနေ့ (စက်တင်ဘာ ၇ ရက်) ညဥ့်နက်ပိုင်း (ည ၁၁း၅၀) က မက္ကစီကိုတောင်ဘက် ကမ်းရိုးတန်းဒေသမှာ ပြင်းအား ရစ်ခ်ျတာစကေး ၈.၂ ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play


ငလျင်ဟာ  ပီဂျီဂျီအာပန်မြို့ အနောက်တောင်ဘက် ၅၄ မိုင်အကွာမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် အမြင့် ၁၀ ပေနီးပါးအထိ ရှိနိုင်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း မက္ကစီကိုနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

 
အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် မက္ကစီကိုနိုင်ငံ Oaxaca နဲ့ Chiapas ပြည်နယ်တွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ငလျင်လှုပ်ခတ်မှုဟာ ပြင်းထန်လှပြီး မက္ကစီကိုနိုင်ငံရှိ လူဦးရေ သန်း ၅၀ ခန့်ဟာ လှုပ်ရမ်းမှုကို ခံစားသိရှိခဲ့ကြကြောင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သမ္မတပီနာနီတိုက ပြောပါတယ်။

play


ငလျင်ကြောင့် Oaxaca ပြည်နယ်မှာ လူ ၂၀ ဦး သေဆုံးကြောင်းနဲ့ သိရပါတယ်။ Chiapas မှာ နောက်ထပ် လူ ၄ ဦးနဲ့ Tabasco မှာလည်း ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ငလျင်ကြောင့် ဂွာတီမာလာနိုင်ငံမှာလည်း လူတစ်ဦး သေဆုံးခဲ့ပါတယ်။

play


ဆိုရှယ်မီဒီယာမှာ ဒေသခံတွေ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတွေမှာ Oaxaca ပြည်နယ်ရှိ အဆောက်အအုံတွေ ပြိုကျပျက်စီးနေတာ တွေ့ရပါတယ်။

ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပစိဖိတ် ဆူနာမီသတိပေးဌာန (PTWC) က မက္ကစီကို၊ အယ်လ်ဆာဗေဒို၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ ကော်စတာရီကာတို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

play


ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရစ်ခ်ျတာစကေး ၄.၃ မှ ၅.၇ အထိရှိတဲ့ နောက်ဆက်တွဲငလျင် ၁၀ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် မက္ကစီကိုပြည်နယ် ၁၁ ခုမှာ ကျောင်းများ ပိတ်ထားကြောင်းလည်း သိရပါတယ်။

ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၁၉၈၅ ခုနှစ်က မက္ကစီကိုစီးတီးမှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်နည်းတူ ပြင်းထန်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video