AD
AD
AD

ဖလော်ရီဒါကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှု


ဖလော်ရီဒါပြည်နယ်နဲ့ အနီးအနားရှိ အခြား ပြည်နယ်တွေကို ဟာရီကိန်းမုန်တိုင်း အာရ်မာ (Irma) ဝင်ရောက်တိုက်ခတ်မှာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အရေးပေါ်ဌာနက ပြောကြားထားပါတယ်။

play
ဖလော်ရီဒါမှာ မုန်တိုင်းအန္တရာယ် ကင်းလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ်


မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်ရှိ နေရာဒေသတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ရက်ပိုင်းမျှကြာတဲ့အထိ ကြုံတွေ့နိုင်ကြောင်းနဲ့ လူဦးရေး ၁၀၀,၀၀၀ ကျော်အတွက် ခိုလှုံရေးစခန်းများ လိုအပ်လာနိုင်ကြောင်းလည်း သိရပါတယ်။


ထိုအတောအတွင်း ဟာရီကိန်းအာရ်မာ ကနဦး ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့ စိန့်မာတင်ကျွန်းမှာ လုယက်မှုများ ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဟာရီကိန်းအာရ်မာက ကာရစ်ဘီယန်ဒေသမှာ ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး လူဦရေ ၁.၂ သန်းဟာ မုန်တိုင်းသက်ရောက်မှု တွေ့ကြုံခဲ့ရပါတယ်။

play
ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးနေသည့် စိန့်မာတင်ကျွန်းမှာ နေရာတစ်ခု


ပြင်းအားအဆင့် ၅ အဖြစ် ကာရစ်ဘီယန်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟာ ယခုအခါ ပြင်းအား အဆင့် ၄ သို့ အားလျော့သွားပေမဲ့ မုန်တိုင်းအန္တရာယ် အလွန်ကြီးမားနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဟာရီကိန်းအာရ်မာဟာ ယခုသီတင်းပတ်ကုန်မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၅ မိုင်ဖြင့် ဆက်လက် တိုက်ခတ်နေမယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

play
ဖလော်ရီဒါမှာ မုန်တိုင်းမဝင်မီ အစားအသောက် ဝယ်ယူစုဆောင်းကြစဉ်


ဖလော်ရီဒါပြည်နယ်တောင်ပိုင်းမှ ဒေသခံ ၅၀၀,၀၀၀ ကို ရွှေ့ပြောင်းကြရန် ပြောကြားထားပြီး ဟာရီကန်းအာရ်မာက တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၀ ရက်) မှာ အဆိုပါနေရာကို ဝင်ရောက်မှာဖြစ်ပါတယ်။ ဟာရီကိန်းအာရ်မာ ဖြတ်သန်းတိုက်ခတ်မှု အန္တရာယ်ကို အမေရိကန်တောင်ပိုင်းဒေသ တစ်ခုလုံးမှာ သတိပြုကြရန် မိုးလေဝသဌာနက နှိုးဆော်ထားပါတယ်။

play


ရာစုနှစ်အတွင်း အတ္တလန္တိတ်သမုဒ္ဒရာမှာ အားအပြင်းဆုံး ဟာရီကိန်းမုန်တိုင်း အာရ်မာကြောင့် သေဆုံးသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၈ ရက်) အထိ ၁၄ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်နဲ့ နယ်သာလန် နှစ်နိုင်ငံကြားရှိ စိန့်မာတင်ကျွန်းမှာ မုန်တိုင်းကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၅၀ ဒဏ်ရာရခဲ့ပါတယ်။

စိန့်မာတင်ကျွန်းရဲ့ ပြင်သစ်ဘက်အခြမ်းမှာ မုန်တိုင်းကြောင့် နေအိမ် ၁၀ လုံးအနက် ၆ လုံးဟာ လူနေထိုင်နိုင်ခြင်းမရှိတဲ့အထိ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD