AD
AD
AD

မက္ကစီကိုနိုင်ငံမှာ ရာစုနှစ်တစ်ခုအတွင်း အင်အားပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၁ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မက္ကစီကိုတောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ ငလျင်ပြင်း လှုပ်ခတ်မှု


ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ Tabasco, Oaxaca နဲ့ Chiapas ပြည်နယ်တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကြီးအကျယ် လုပ်ဆောင်နေပြီး အဆောက်အအုံ အပျက်အစီးများအောက်မှာ ပိတ်နေသူတွေရှိနိုင်ကြောင်းလည်း သိရပါတယ်။

play


ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း မက္ကစီကိုသမ္မတ ပီနာနီယာတိုက ပြောပါတယ်။ မက္ကစီကိုတောင်ဘက် ကမ်းရိုးတန်းဒေသမှာ ကြာသပတေးနေ့ (စက်တင်ဘာ ၇ ရက်) ဒေသစံတော်ချိန် ည ၁၁း၅၀ က ရစ်ခ်ျတာစကေး ၈.၂ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။


ငလျင်ဟာ  ပီဂျီဂျီအာပန်မြို့ အနောက်တောင်ဘက် ၅၄ မိုင်အကွာမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း သိရပြီး ငလျင်ကြောင့် မက္ကစီကိုနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အမြင့် ၁၀ ပေနီးပါးအထိ ရှိနိုင်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

play


မက္ကစီကိုသမ္မတ ပီနာနီတိုက ငလျင်ကြောင့် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ရက် ကြေညာခဲ့ပြီး နိုင်ငံတော်အလံများကို တိုင်တစ်ဝက်သို့ လျှော့ချလွှင့်ထူရန် ပြောပါတယ်။ ငလျင်ကြောင့် Oaxaca ပြည်နယ်မှာ ၄၅ ဦး၊ Chiapas ပြည်နယ်မှာ ၁၂ ဦးနဲ့ Tabasco ပြည်နယ်မှာ ၄ ဦး သေဆုံးခဲ့ကြောင်း သမ္မတပီနာနီတိုက အတည်ပြုခဲ့ပါတယ်။

play


Oaxaca ပြည်နယ် ဂျူချီတန်မြို့ဟာ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတဲ့မြို့ဖြစ်ပြီး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါမြို့ရဲ့ မြို့တော်ခန်းမနဲ့ အဆောက်အအုံ အများအပြားဟာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

play


ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရစ်ခ်ျတာစကေး ၄.၃ မှ ၅.၇ အထိရှိတဲ့ နောက်ဆက်တွဲငလျင် ၁၀ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၁၉၈၅ ခုနှစ်က မက္ကစီကိုစီးတီးမှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်နည်းတူ ပြင်းထန်ကြောင်းလည်း သိရပါတယ်။

play


ငလျင်လှုပ်ခတ်မှု ဆိုးရွားစွာ တွေ့ကြုံခဲ့ရတဲ့ မက္ကစီကိုနိုင်ငံကို ယနေ့ (စက်တင်ဘာ ၉ ရက်) မှာ အားကောင်းတဲ့မုန်တိုင်း ကတ်တီယာ (Katia) စတင်ဝင်ရောက် တိုက်ခတ်နေကြာင်း အမေရိကန် အမျိုးသားဟာရီကိန်းဌာနက ပြောပါတယ်။ ကတ်တီယာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် တိုက်ခတ်နေကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD