အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူရဲ့ ဇနီးဖြစ်သူကို လိမ်လည်မှုဖြင့် တရားစွဲဆိုရန် စဉ်းစားသုံးသပ်နေကြောင်း အစ္စရေးရှေ့နေချုပ်က ပြောပါတယ်။

play
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူနှင့် ဇနီးဖြစ်သူ ဆာရာ


ဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာနက်တန်ယာဟူကို တရားစွဲဆိုပြီး ကြားနားစစ်ဆေးမှု ပြုလုပ်ခြင်းပြု မပြု နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရန် ရှိနေတယ်လို့ ရှေ့နေချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ဇနီးဟာ ဧည့်ခံကျွေးမွေးမှုအတွက် အစိုးရဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို လိမ်လည်ရယူပြီး အလွဲသုံးစားပြုခဲ့တယ်လို့ သံသယရှိနေကြောင်း တရားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကတော့ ဇနီးဖြစ်သူအပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။


ဆာရာနက်တန်ယာဟူ ကိစ္စနဲ့ပတ်သက်ပြီး ကာလရှည်ကြာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သူမကို ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းပြု မပြု ဆုံးဖြတ်သွားမယ်လို့ ရှေ့နေချုပ်က ပြောထားပါတယ်။

ဝန်ကြီးချုပ် နက်တန်ယာဟူရဲ့ ဇနီးဖြစ်သူ အစိုးရဘဏ္ဍာငွေ အလွဲသုံးစားပြုခဲ့ကြောင်း သတင်းဟာ အစ္စရေးမီဒီယာများကြား အကြီးအကျယ် ပျံ့နှံ့ဖော်ပြခဲ့ကြတဲ့ သတင်းလည်း ဖြစ်ခဲ့ပါတယ်။

play


အစ္စရေးဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာနဲ့ အစိုးရ ထိပ်တန်းအရာရှိ အက်ဇ်ရာဆီးဒေါ့ဖ်တို့ဟာ ၂၀၁၀ ခုနှစ် စက်တင်ဘာမှ ၂၀၁၃ ခုနှစ် မတ်လအတွင်း အစားသောက် ပြင်ဆင်မှုနဲ့ စားဖိုမှူးများ ငှားရမ်းအသုံးပြုမှုတို့အတွက် အသုံးစရိတ်များ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်နေအိမ်အတွက်လည်း သီးသန့် စားဖိုမှူးတစ်ဦး ခန့်အပ်ရန်အတွက် ကုန်ကျစရိတ်လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video