AD
AD
AD

ဖလော်ရီဒါပြည်နယ်ကို ဟာရီကိန်းအာရ်မာ ဝင်ရောက်တိုက်ခတ်မှု


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ဟာရီကိန်းမုန်တိုင်း အာရ်မာ (Irma) ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။

play


ဟာရီကိန်းအာရ်မာဟာ ဖလော်ရီဒါကမ်းရိုးတန်းဒေသကို စက်တင်ဘာ ၁၀ ရက်က စတင်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်နဲ့ စီးပွားရေးလုပ်ငန်း ၃ သန်းနီးပါးမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ခဲ့ပါတယ်။

play


ဟာရီကိန်းအာရ်မာကြောင့် ဖလော်ရီဒါ ပင်လယ်ကွေ့ကမ်းရိုးတန်းမှာ ရေလွှမ်းမိုးမှု ကြီးမားစွာ ကြုံတွေ့နိုင်ကြောင်း သိရပါတယ်။


ရာစုနှစ်တစ်ခုအတွင်း အတ္တလန္တိတ်သမုဒ္ဒရာမှာ အားအပြင်းဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟာရီကိန်းအာရ်မာ တိုက်ခတ်မှုကြောင့် ဖလော်ရီဒါပြည်နယ် တောင်ဘက်စွန်းပိုင်းနဲ့ အနောက်ဘက် ကမ်းရိုးတန်းတို့မှာ ပင်လယ်ရေလှိုင်းအမြင့် ၁၅ ပေအထိ တက်ရောက်လာနိုင်ကြောင်း အမေရိကန် အမျိုးသားဟာရီကန်းဌာနက ခန့်မှန်းထားပါတယ်။

play


အာရ်မာမုန်တိုင်း တိုက်ခတ်မယ့်အန္တရာယ်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ ဒေသခံများ ရွှေ့ပြောင်းရမှုဟာ အမေရိကန် သမိုင်းတစ်လျှောက် အများဆုံး ရွှေ့ပြောင်းရမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဟာရီကိန်းအာရ်မာဟာ လက်ရှိမှာ ပြင်းအားအဆင့် ၄ မုန်တိုင်းအဖြစ် တိုက်ခတ်နေကြောင်း အမျိုးသားဟာရီကိန်းဌာနက ပြောပါတယ်။

play


ဟာရီကိန်းအာရ်မာဟာ ဖလော်ရီဒါကို မဝင်ရောက်မီ ကာရစ်ဘီယန်ကျွန်းစုများကို ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD