AD
AD
AD
play


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ပလာနိုမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၀ ရက်) ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်က ဒါးလက်စ်မြို့တော် အရှေ့မြောက်ဘက် မိုင် ၂၀ နီးပါအကွာရှိ ပလာနိုမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။


ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ကြောင်း သတင်းရရှိပြီးနောက် ပစ်ခတ်မှုဖြစ်တဲ့ နေအိမ်ကိုသွားရောက်ခဲ့ရာ နေအိမ်အတွင်း သေနတ်သမားနဲ့ ရင်ဆိုင်တွေ့ခဲ့တယ်လို့ ပလာနိုရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်တီလ်လေးက ပြောပါတယ်။

play


ထို့နောက် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ သေနတ်သမား သေဆုံးခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း အခြား လူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေနဲ့ သေနတ်သမားတို့ရဲ့ အချက်အလက်တွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

play


ထို့အတူ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုလည်း လတ်တလော မသိရှိနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ပလာနိုမြို့မှာ ယခုဖြစ်ရပ်ကဲ့သို့ ပစ်ခတ်မှုမျိုး မဖြစ်ဖူးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ လက်ရှိမှာ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD