AD
AD
AD
play
စက်တင်ဘာ ၁၁ ရက် ELD ရုံးကို ရောက်ရှိလာသည့် ဟာလီမာ


စင်ကာပူနိုင်ငံမှာ လွှတ်တော်ဥက္ကဋ္ဌဟောင်း အမျိုးသမီး ဟာလီမာယာကော့ဘ်က သမ္မတသစ် ဖြစ်လာမယ်လို့ သိရပါတယ်။ ဟာလီမာနဲ့အတူ သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့တဲ့ အခြား ၂ ဦးမှာ သတ်မှတ် အရည်အချင်း မပြည့်မီခဲ့တာကြောင့် သူမက ပြိုင်ဘက်မရှိတော့ဘဲ စင်ကာပူသမ္မတသစ် ဖြစ်လာမယ်လို့ ဆိုပါတယ်။


စင်ကာပူ ရွေးကောက်ပွဲဆိုင်ရာဌာန (ELD) က ယနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ သတင်းထုတ်ပြန်ခဲ့ရာ သမ္မတအဖြစ် အရည်အချင်းပြည့်မီသူ တစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ELD ရဲ့ အဆိုပါ ထုတ်ပြန်ပြောကြားမှု ထွက်ပေါ်လာပြီး မကြာမီမှာပင် သမ္မတအဖြစ် ရွေးချယ်ခံရန် စာရင်းတင်သွင်းထားခဲ့တဲ့ မိုဟာမက်ဆလားမာရီကန်နဲ့ ဖာရစ်ဒ်ခန်းတို့က ၎င်းတို့ဟာ သမ္မတအဖြစ် ရွေးချယ်မခံရကြောင်း အတည်ပြုခဲ့ကြပါတယ်။

play
(ဝဲမှယာ) ဖာရစ်ဒ်ခန်း၊ ဟာလီမာ၊ ဆလားမာရီကန်


စင်ကာပူသမ္မတသစ် ဖြစ်လာရန် သေချာသွားပြီဖြစ်တဲ့ ဟာလီမာက "ကျွန်မ ပြောနိုင်တာကတော့ စင်ကာပူပြည်သူတွေအတွက် အကောင်ဆုံး လုပ်ဆောင်သွားမယ်ဆိုတာပါပဲ" လို့ ဟာလီမာက ELD ရုံးမှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဟာလီမာဟာ စင်ကာပူသမ္မတသစ်အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၃ ရက်) မှာ တရားဝင် စတင်တာဝန်ယူသွားမယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်အရွယ် မွတ်စလင်မ် အမျိုးသမီးတစ်ဦးဖြစ်သူ ဟာလီမာဟာ စင်ကာပူနိုင်ငံရဲ့ ၈ ယောက်မြောက်နဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD