AD
AD
AD

ဖလော်ရီဒါမှာ ဟာရီကိန်းအာရ်မာ ဖြတ်သန်းတိုက်ခတ်မှု


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း အာရ်မာ (Irma) ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နေအိမ် ၆.၅ သန်းခန့်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တွေ့ကြုံနေရပါတယ်။ အဆိုပါ နေအိမ်အရေအတွက်ဟာ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်အားလုံးရဲ့ သုံးပုံနှစ်ပုံလည်း ဖြစ်ပါတယ်။

play


လက်ရှိမှာ အပျက်အစီးများ ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေပြီဖြစ်ကာ လျှပ်စစ်ဓာတ်အား ပြန်ရနိုင်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ သို့သော် မုန်တိုင်းဖြတ်သန်းတိုက်ခတ်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်ရှိ နေရာဒေသအများအပြားမှာ ရေကြီးမှုတွေ ဖြစ်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။

 

ဖလော်ရီဒါကီးစ်ရဲ့ ကျွန်းစုတွေနဲ့ အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်တွေကို ပြင်းအားအဆင့် ၄ အထိ အားကောင်းပြင်းထန်တဲ့ ဟာရီကန်းမုန်တိုင်း အာရ်မာက တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၀ ရက်) မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

play


အာရ်မာဟာ တနင်္လာနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့မသွားမီ မြောက်ဘက်ကို ရွေ့လျားခဲ့ကြောင်း သိရပါတယ်။ သတင်းတွေမှာ ဖော်ပြမှုအရ ဖလော်ရီဒါမှာ ဟာရီကန်းအာရ်မာ တိုက်ခတ်ခဲ့မှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play


ဟာရီကိန်းအာရ်မာဟာ ဖလော်ရီဒါကို မဝင်ရောက်မီ ကာရစ်ဘီယန်ကျွန်းစုဒေသတွေမှာ တိုက်ခတ်ခဲ့ပြီး လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် တံတား ၄၂ စင်း ပျက်စီးမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play


ဟာရီကိန်းအာရ်မာဟာ လက်ရှိမှာ ဂျော်ဂျီယာပြည်နယ်နဲ့ တောင်ကာရိုလိုင်းနား ပြည်နယ်တွေကို ဖတ်သန်းတိုက်ခတ်နေကြောင်း အမေရိကန် အမျိုးသားဟာရီကန်းဌာနက ပြောပါတယ်။

play

ဟာရီကိန်းအာရ်မာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ နေရာဒေသများ အခြေအနေ

  • ကျူးဘား - လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေ လေးပုံသုံးပုံဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။
  • စိန့်မာတင်နဲ့ စိန့်ဘာသဲလ်လမ်မီ - စိန့်မာတင်ကျွန်းရှိ နေအိမ် ၁၀ လုံးအနက် ၆ လုံးဟာ လူနေထိုင်နိုင်ခြင်းမရှိအောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။ စိန့်မာတင်ကျွန်းရဲက ပြင်သစ်ပိုင်နက်အတွင်း လူ ၉ ဦး သေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ စိန့်မာတင်ကျွန်းရဲ့ နယ်သာလန်ပိုင်နက်အတွင်းမှာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
  • တာ့ခ်စ်နဲ့ကိုင်ကော့စ်ကျွန်းစု - ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
  • ဘာဘူဒါကျွန်း - ကျွန်းပေါ်ရှိ အဆောက်အအုံ ၉၅ ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
  • အန်ဂူလ်လာ - လူတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ခဲ့ပါတယ်။
  • ပျူတိုရီကို - လူဦးရေ ၆,၀၀၀ ဟာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရပြီး နေရာအများအပြားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံခဲ့ရပါတယ်။ မုန်တိုင်းကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
  • ဗြိတိသျှဗာဂျင်ကျွန်းစု - လူ ၅ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ခဲ့ပါတယ်။
  • အမေရိကန်ဗာဂျင်ကျွန်းစု - အခြေခံ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ခဲ့ပြီး လူ ၄ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။

Source & Photo: AFP, BBC, Reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD