AD
AD
AD

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန်အတွက် တနင်္လာနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

play


မြောက်ကိုရီးယားက ၎င်းရဲ့ ၆ ကြိမ်မြောက်နဲ့ အကြီးမားဆုံး နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့မှုအပေါ် တုံ့ပြန်အရေးယူမှုအဖြစ် အထည်အလိပ်တင်ပို့ခြင်းနဲ့ ရေနံတင်သွင်းခြင်းတို့ကို ပိတ်ပင်သွားမယ့် အရေးယူမှုအစီအစဉ်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက သဘောတူညီခဲ့ကြပါတယ်။


အမေရိကန်က ဦးဆောင်ရေးဆွဲပြီး အဆိုပြုခဲ့တဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှု အစီအစဉ်သစ်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့လည်း သဘောတူညီခဲ့ရာ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မှုမှာ ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲမရှိ မဲရလဒ်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

မာက်ကိုရီးယားကို မကြာသေးမီကလည်း တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်စမ်းသပ်ခဲ့မှုကြောင့် ကျောက်မီးသွေးနဲ့ ပင်လယ်စာ တင်ပို့မှုပိတ်ပင်တဲ့ အရေးယူမှု ချမှတ်ထားခဲ့ပါတယ်။

play


အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းဟာ မြောက်ကိုရီးယားက နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ကမ္ဘာက မည်သည့်အခါမျှ လက်မခံကြောင်း သတင်းစကားပါးလိုက်ခြင်းပင် ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ပြောပါတယ်။

သို့သော် မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်းလည်း အမေရိကန်သံအမတ်က ဆိုပါတယ်။

play


မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း စက်တင်ဘာ ၃ ရက်မှာ ကြေညာခဲ့ပြီး အဆိုပါဗုံးဟာ ၎င်းတို့ အသစ်ထုတ်လုပ်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်မှာ တပ်ဆပ်နိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုနဲ့ ငလျင်လှုပ်ခတ်မှုများ

  • ပထမအကြိမ် - အောက်တိုဘာ၊ ၂၀၀၆ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၃ အဆင့်ရှိ ငလျင်လှုပ်)
  • ဒုတိယအကြိမ် - မေလ၊ ၂၀၀၉ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်)
  • တတိယအကြိမ် - ဖေဖေါ်ဝါရီလ၊ ၂၀၁၃ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
  • စတုတ္တအကြိမ် - ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
  • ပဉ္စမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၃ အဆင့်ရှိ ငလျင်လှုပ်)
  • ဆဌမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ် (ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်လှုပ်)
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD