AD
AD
AD
play
ဗြိတိန်တောရိုင်းဓါတ်ပုံဆရာ ဒေးဗစ် ဆလတ္တာဟာ ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီဆီကျွန်းမှာ သဘာဝတောရိုင်းတိရစ္ဆာန်များရဲ့ နေထိုင်လှုပ်ရှားမှုကို လေ့လာရိုက်ကူးဖို့ ရောက်ရှိခဲ့ရာကနေ နာရူတိုလို့ နာမည်ပေးထားတဲ့ မျောက်တစ်ကောင်ဟာ ဆလတ္တာရဲ့ ကင်မရာကို ယူပြီး ကိုယ့်ဘာသာ ဆယ်လ်ဖီဆွဲခဲ့တယ်လို့ ဆိုပါတယ်။ မျောက်တစ်ကောင်ရဲ့ ဆယ်လ်ဖီဟာ ကမ္ဘာကျော် သတင်းဖြစ်သွားခဲ့သလို ဒီဓါတ်ပုံကို မျက်နှာဖုံးတပ်ထားတဲ့ ဒေးဗစ် ဂျေ ဆလတ္တာရဲ့ ၂၀၁၄ ထုတ် Wildlife Personalities စာအုပ်ဟာလည်း လူသိများသွားခဲ့ပါတယ်။
ဒီနောက် ၂၀၁၅ ခုနှစ်ထဲမှာ PETA တိရစ္ဆာန်ကာကွယ်ရေးအသင်းမှ ဆလတ္တာကို မူပိုင်ခွင့်နဲ့ တရားစွဲခဲ့ပါတယ်။ အခုတော့ ဆလတ္တာဟာ မျောက်များရဲ့ သဘာဝကျက်စားမှုကို ကာကွယ်မယ့် အသင်းအဖွဲ့ မှာ ဒီပုံကနေ ရသမျှ ငွေရဲ့ ၂၅%ကို လှူဒါန်းသွားမယ်ဆိုပြီး ကြေအေးခဲ့တာပါ။ မျောက်ကလေး နာရူတိုကိုယ်တိုင်ဆွဲတဲ့ ဆယ်လ်ဖီပုံကိုတော့ ဆလတ္တာက ဆက်ပြီး အသုံးပြုခွင့် ရှိနေဦးမှာ ဖြစ်ပါတယ်။
နာရူတိုရဲ့ မျောက်ဆယ်လ်ဖီဟာ ကမ္ဘာတစ်ဝန်းက TV ၊ ဝက်ဘ်ဆိုက် ၊ မဂ္ဂဇင်းနဲ့ သတင်းစာများမှာပါ နာမည်ကြီးဓါတ်ပုံတစ်ပုံ ဖြစ်သွားပါတယ်။ ဒီဓါတ်ပုံကမ္ဘာကျော်သွားပြီးနောက် ဆလတ္တာဟာ ဒီဓါတ်ပုံကို သုံးခဲ့တဲ့ Wikipedia ကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က လူတိုင်းသုံးနိုင်တဲ့ ဓါတ်ပုံ ၊ ဗွီဒီယို နဲ့ တစ်ခြား အသံဖိုင်တွေ စုစည်းရာ အကျိုးအမြတ်မယူ အဖွဲ့ အစည်းဖြစ်တဲ့ Wikipedia ကလည်း ငြိမ်မခံဘဲ ဆလတ္တာဟာ ဒီပုံကို မူပိုင်ခွင့်မပိုင်ဘူးလို့ ပြန်တုန့် ပြန်ခဲ့ပါတယ်။
play
ဆလတ္တာကတော့ ဒီပုံကို ရောင်းချရာကနေ တစ်လကို အနည်းဆုံးပေါင် ၁၀၀ ဝန်းကျင် ရရှိခဲ့ပြီး အခုဆို ပေါင် ထောင်ပေါင်းများစွာ ပိုက်မိခဲ့ပြီ ဖြစ်ပါတယ်။ အခုတော့ မျောက်ဆွဲတဲ့ ဆယ်လ်ဖီနဲ့ ကင်မရာပိုင်ရှင် ဓါတ်ပုံဆရာအကြားမှာ သဘောတူညီချက် ရသွားတာကြောင့် နှစ်နှစ်ကြာ အမှုဟာ ငြိမ်းသွားရပြီ ဖြစ်ပါတယ်။
Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD