AD
AD
AD
play


ဖိလစ်ပိုင်နိုင်ငံ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနီလာမြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးများ၊ အစိုးရရုံးများနှင့် ကျောင်းများကို ယနေ့ (စက်တင်ဘာ ၁၂ ရက်) ပိတ်ထားရကြောင်း သိရပါတယ်။


ဖိလစ်ပိုင်ရှိ လူဇွန်ကျွန်းမှာ အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာမှ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကူဇွန်နဲ့ လာဂူနာ ဒေသတို့ရှိ ရေကြီးနေတဲ့ မြို့ငယ်အချို့မှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

အဆိုပါဒေသတွေမှာ ရေကြီးမှုအတွင်း လူ ၁၃ ဦး ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ မနီလာမြို့မှ ၁၂ မိုင်အကွာမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


မနီလာမြို့ အနိမ့်ပိုင်းနေရာများရှိ နေအိမ်များမှာ လည်ပင်းအထိရောက်တဲ့ ရေလွှမ်းမိုးမှု ဖြစ်နေကြောင်းနဲ့ ရေလွှမ်းမိုးနေတဲ့ လမ်းများကို ဖြတ်သန်းရန်အတွက် ဒေသခံတွေက ရေခဲသေတ္တာာအဟောင်းကဲ့သို့ ပစ္စည်းများသုံးပြီး ဖြတ်သန်းသွားလာနေကြကြောင်း သိရပါတယ်။

play


ယခုရက်ပိုင်းအတွင်း မိုးများ ပိုမိုသည်းထန်စွာ ရွာသွန်းလာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပြီး လေကြောင်းခရီးစးဉ်များကိုလည်း ဖျက်သိမ်းထားရပါတယ်။ ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဘာတန်ဂက်စ်ဆိပ်ကမ်းမှ သင်္ဘောခရီးစဉ်တွေကို ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

ဖိလစ်ပိုင် မိုးလေဝသဌာနက လက်ရှိမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၄ မိုင်ဖြင့် တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Talim ကိုလည်း စောင့်ကြည့်နေပြီး အဆိုပါ မုန်တိုင်းဟာ ဖိလစ်ပိုင်မြောက်ဘက်စွန်းပိုင်းကို ဦးတည် ရွေ့လျားလာနေကြောင်း သိရပါတယ်။
Source & Photo: Reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD