AD
AD
AD

ဗြိတိသျှဗာဂျင်ကျွန်းစုမှာ ဟာရီကိန်းအာရ်မာ တိုက်ခတ်မှု


ဗြိတိသျှဗာဂျင်ကျွန်းစုကို ဟာရီကိန်းမုန်တိုင်း အာရ်မာ (Irma) ဝင်ရောက်တိုက်ခတ်စဉ်အတွင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆာအလန်ဒွန်ကင်က အတည်ပြုခဲ့ပါတယ်။

play


အကျဉ်းသားများ လွတ်မြောက်သွားမှုဟာ တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆာအလန်ဒွန်ကင်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။

ဗြိတိသျှဗာဂျင်ကျွန်းစုမှာ လုံခြုံရေးနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန်အတွက် တော်ဝင်မရိန်းတပ်ဖွဲ့ဝင်တွေကို သောကြာနေ့ (စက်တင်ဘာ ၈ ရက်) က စေလွှတ်လိုက်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဘောရစ်ဂျွန်ဆင်က ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ကာရစ်ဘီယန်ဒေသ ဗာဂျင်ကျွန်းစုကို သွားရောက်နေပြီလို့ ဆိုပါတယ်။ ဟာရီကိန်းအာရ်မာ တိုက်ခတ်မှုအပေါ် ဗြိတိန်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ နှေးကွေးလွန်းကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

play


ဟာရီကိန်းအာရ်မာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်မှာ ဗြိတိန်နိုင်ငံသား ၅၀၀,၀၀၀ ကျော် ရှိနေခဲ့ပြီး ဗြိတိသျှဗာဂျင်းကျွန်စုမှာ ၅ ဦးနဲ့ အန်ဂူလ်လာကျွန်းမှာ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့ဝင် ၉၉၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄၇ ဦးကို အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှု ဖြစ်ခဲ့တဲ့ ဗြိတိသျှဗာဂျင်ကျွန်းစုသို့ စေလွှတ်ထားကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။

play


ရာစုနှစ်တစ်ခုအတွင်း အတ္တလန္တိတ်သမုဒ္ဒရာမှာ အားအပြင်းဆုံး မုန်တိုင်းဖြစ်လာတဲ့ ဟာရီကိန်းမုန်တိုင်း အာရ်မာက ဗြိတိသျှဗာဂျင်ကျွန်းစု အပါအဝင် ကာရစ်ဘီယန်ဒေသတွေကို စက်တင်ဘာ ၆ ရက်မှာ ဝင်ရောက်တိုက်ခတ်ပြီး စက်တင်ဘာ ၁၂ ရက်အထိ စာရင်းတွေအရ လူ ၃၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD