International News: လက်နက်အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား ကြုံးဝါး

အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် လက်နက်အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

play


မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ ၆ ကြိမ်မြောက်နဲ့ အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် လက်နက်အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

 
အမေရိကန်က အဆိုပြုခဲ့တဲ့အတိုင်း ဥပဒေနဲ့မညီဘဲ မကောင်းမြင်စိတ်နဲ့ မိမိတို့အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ခြင်းက မြောက်ကိုရီးယား ရွေးချယ်ထားတဲ့ လမ်းကြောင်းဟာ လုံးဝမှန်ကန်တယ်ဆိုတာ သေချာသွားစေခဲ့ကြောင်း လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါထားပါတယ်။

play


အချုပ်အခြာအာဏာနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အတွက် အင်အားပိုမိုတောင့်တင်းစေရန် ဆောင်ရွက်နေမှုတွေကို နှစ်ဆပြန်လည်မြှင့်တင်သွားမယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် အသစ်ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုများအနက် အထည်အလိပ် တင်ပို့မှုပိတ်ပင်ခြင်းနဲ့ ရေနံထုတ်ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်ခြင်းတို့ ပါဝင်ပါတယ်။

မြောက်ကိုရီးယားအပေါ် ယခုချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှု အစီအစဉ်ကို အမေရိကန်က မူကြမ်းရေးဆွဲ အဆိုပြုခဲ့တာဖြစ်ပြီး တနင်္လာနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ်တည်း သဘောတူညီဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

play


လုံခြုံရေးကောင်စီက လွန်ခဲ့တဲ့ တစ်လအကြာကလည်း မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်မှုကို တုံ့ပြန်အရေးယူမှုအဖြစ် ကျောက်မီးသွေးနဲ့ ပင်လယ်စာတင်ပို့မှုတွေကို ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်းနဲ့ အဆိုပါဗုံးကို ၎င်းတို့အသစ်ထုတ်လုပ်ထားတဲ့ ဒုံးကျည်မှာ တပ်ဆင်နိုင်ကြောင်း စက်တင်ဘာ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
Source & Photo: BBC

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ