International News: ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်

တိုင်ဖွန်းမုန်တိုင်းဟာ တိုင်ပေအပါအဝင် ထိုင်ဝမ်မြောက်ပိုင်းမြို့တွေကို ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။

ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်း Talim ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် ရေလမ်းကြောင်းသွားလာမှုတွေနဲ့ လေကြောင်းခရီးစဉ်အချို့ကို ယနေ့ (စက်တင်ဘာ ၁၃ ရက်) ဖျက်သိမ်းထားကြောင်း သိရပါတယ်။

play


တိုင်ဖွန်းမုန်တိုင်းဟာ တိုင်ပေအပါအဝင် ထိုင်ဝမ်မြောက်ပိုင်းမြို့တွေကို ဝင်ရောက်တိုက်ခတ်နိုင်ပြီး အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် နယူးတိုင်ပေနဲ့ ယီလန် အပါအဝင် ထိုင်ဝမ်မြို့တွေမှာ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဌာနက ပြောထားပါတယ်။

မုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံးအဖြစ် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၃ ရက်) နှောင်းပိုင်းနဲ့ ကြာသပတေးနေ့ ( စက်တင်ဘာ ၁၄ ရက်) တို့မှာ ကြုံတွေ့နိုင်ကြောင်းလည်း ထိုင်ဝမ် မိုးလေဝသဌာန ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


တိုင်ဖွန်း Talim ဟာ ထိုင်ဝမ်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေကို လေတိုက်နှုန်း တစ်နာရီလျှင် ၈၅ မိုင်ဖြင့် ဝင်ရောက်တိုက်ခတ်နိုင်ပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ ၁၀၇ မိုင်အထိ ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းဝင်ရောက်မယ့် အခြေအနေကြောင့် ငွေကြေးဈေးကွက်၊ ကုမ္ပဏီများနဲ့ ကျောင်းများကို စက်တင်ဘာ ၁၄ ရက်မှာ ပိတ်ထားရန်အတွက် ထိုင်ဝမ်အာဏာပိုင်တွေက မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ငွေကြေးဈေးကွက်၊ ကုမ္ပဏီနဲ့ ကျောင်းများ ပိတ်ထားရန် လိုအပ်ခြင်းရှိ မရှိ ထုတ်ပြန်ကြေညာချက်ကို စက်တင်ဘာ ၁၃ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

play


ထိုင်ဝမ်ရဲ့ အကြီးဆုံး လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ China Airlines နဲ့ EVA Airways တို့က စက်တင်ဘာ ၁၃ ရက် နှောင်းပိုင်းမှာ ပျံသန်းရန်စီစဉ်ထားတဲ့ ၎င်းတို့ရဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။ ထိုင်ဝမ် မိုးလေဝသဌာနက ရေလမ်းကြောင်းသွားလာမှုကိုလည်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ထိုင်ဝမ်မှာ နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ပြင်ဆင်မှုတွေနဲ့ စောင့်ကြည့်စနစ်တွေကို ဂရုပြုလုပ်ဆောင်ထားပါတယ်။ ၂၀၀၉ ခုနှစ်က ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်း မိုရာကတ် (Morakat) ဝင်ရောက်တိုက်ခတ်ရာမှာ လူ ၇၀၀ နီးပါးအထိ သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
Source & Photo: WU, Reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ